(Unicode)
မိုးကာအင်္ကျီ အပြာရောင်လေးနှင့် ကောင်လေးတစ်ယောက် မိုးရေထဲ လွယ်အိတ်လေးပိုက်၍ ပြေးနေသည်။ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးက ထိုကောင်လေးဆီသို့ တည့်တည့် ဦးတည်လျှက်။ ခေါင်းငုံ့ထားသော ထိုကောင်လေးကတော့ မြင်ပုံမပေါ်။ ကောင်လေးနှင့် ဆိုင်ကယ်တိုက်မိရန် စက္ကန့်အနည်းငယ်အလိုတွင် နွေးထွေးသော ရင်ခွင်ကျယ်ကြီးတစ်ခုထဲသို့ ကောင်လေး ဆွဲဖက်ခြင်းခံလိုက်ရသည်။
" ဟေ့ ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"
ရင်ခွင်ထဲမှကောင်လေးက တစ်ချက်ရုန်းရင်း ကတုန်ကယင်ဖြင့်
" ဟု....ဟုတ်...အဆင်ပြေပါတယ် "
" တော်သေးတာပေါ့... လမ်းလျှောက်ရင် သတိထားလျှောက်မှပေါ့!!"
"ဟုတ်...ဟုတ်ကဲ့....."
tae'pov - ကျွန်တော်အချစ်ကို နောက်ဆုံးတော့ ရှာတွေ့ပြီ။
"ငါ့နာမည်က Kim taehyung မင်းနာမည်ကကော"
Kim taehyung....taehyung.....ရင်းနှီးနေတယ် ဒီနာမည်ကိုရင်းနှီးနေတယ် ဘယ်မှာကြားဖူးတာပါလိမ့်?
"ဟေ့ မင်းနာမည်ကကောလို့"
စဉ်းစားခန်း ဝင်နေသည့် ကောင်လေးသည် မေးသည်ကိုမကြား ငူငိုင်ငိုင်ကြီးရပ်၍နေသည်။ အသံမြင့်ကာ နောက်တစ်ကြိမ်ပြန်မေးတော့မှ
"အမ်....အမ်....ဘာပြောလိုက် "
"မင်းနာမည်ကို မေးနေတာ"
"ဪ jimin, Park jiminပါ "
"အွန်း မှတ်ထားလိုက်ပြီ သွားတော့မယ်နော် bye "
ထွက်သွားတဲ့ ထိုလူ့ကျောပြင်ကိုအကြောင်းမဲ့ ငေးကြည့်ရင်း ကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်ရည်တို့ကျလာသည်။ ရင်ထဲဆို့နင့်ပြီး ငိုချလိုက်ချင်တဲ့ ခံစားချက်ကြီးကော ဘာပါလိမ့်။ ထွက်သွားသော ထိုကျောပြင်ကို ဘာလို့ ရင်းနှီးနေတာပါလိမ့်။
____________________________________
"ဘုန်း.........ဘုန်း........."
စာပွဲကို စာအုပ်ဖြင့် နှစ်ချက်လောက် samရိုက်လိုက်တော့ ဆူညံနေသည့်အတန်သည် ငြိမ်ကျ၍သွားသည်။
YOU ARE READING
Our Love
Fanfiction(Unicode) ချစ်ခဲ့ဖူးလားလို့ မေးကြည့်ချင်ပေမဲ့ အဖြေကိုလက်ခံနိုင်စွမ်းမရှိတော့..... #jimin ******************************************** အချစ်ကို ကိုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို နောက်ထပ်တွေ့ရင်ကိုယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပြမယ်နော်အချစ် ချစ်တယ်..... #taehy...