part-8

1.2K 126 9
                                    


(Unicode)

သာယာစွာနိုးထလာရသော မနက်‌ခင်းလေးသည်  ကျေးငှက်တို့၏ သာယာနာပျော်ဖွယ် အသံ‌ကြောင့်မဟုတ်ပါ၊ နေရောင်‌နွေးနွေးကြောင့်လဲမဟုတ်ပါ၊ ခပ်အေးအေးတိုက်ခတ်နေသော လေပြေနုကြောင့်လဲမဟုတ်ပါ။ အပူအပင်ကင်းစွာအိပ်စက်နေသော ချစ်ရသူလေး၏မျက်နှာကို ကြည့်ရင်း နိုးထလာရခြင်းကြောင့်သာဖြစ်သည်။

မတွေ့ရတဲ့ရက်တွေအတွင်းမှာ giဟာပိုချောလာသည်။ မျက်လုံးမှေးမှေး၊သွားသေးသေးလေးနဲ့ ပါးပေါ်ကမှံ့လေးက ကျွန်တော့်မြတ်နိုးရာ။

giနဲ့ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက အိမ်နီးချင်း‌တွေဖြစ်သည်။ တခြားသူများနှင့်ဆို အပ်အေးအေး ခပ်ချေချေသာ‌နေတတ်‌‌ပေမဲ့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကို‌‌တော့ giဟာအတော်လေးခင်သည်။

giကကျွန်တော့်ထက် ငါးနှစ်ငယ်ပြီး taehyungထက် သုံးနှစ်ကြီးလေသည်။ ရွယ်တူတွေမဟုတ်ကြပေမဲ့ ကျွန်တော်တို့သုံးယောက် သူငယ်ချင်းလိုပေါင်းဖြစ်ခဲ့ကြသည်။

အရွယ်ရောက်လာသည်နှင့်အမျှ ပိုပိုချောလာသောgiကို ကျွန်တော်သူငယ်ချင်းသံယောဇဉ်ထပ် ပိုချစ်မိခဲ့သည်။အဲ့ဒါကြောင့် giအထက်တန်းစာမေးပွဲပြီးတဲ့နေမှာ မူးချင်ယောင်‌ဆောင်ပြီး giကိုဖွင့်ပြောလိုက်သည်။

giကိုကျွန်တော် တစ်လလောက်လိုက်,လိုက်ရသည်။ အဆိုးလေးက အစကတည်းကချစ်‌တယ်တဲ့ မူးချင်‌ယောင်ဆောင်ပြီးအသားယူလို့ တမင်အချိန်ယူတာတဲ့လေ တကယ့်အဆိုးလေးပါဆို။ ကျွန်တော်ကလဲကျွန်တော်ဘဲ အဲ့နေ့ကမူးနေလို့ပါဆိုပြီး သူ့ကိုအတင်းနမ်းခဲ့တာကို။

အအိပ်မက်လွန်းတဲ့ ကောင်ကလေးရဲ့ပါး‌ဖွေးဖွေးလေးကို တစ်ချက်နမ်းလိုက်ပြီး

" gi~~~~ထတော့........"

" အင့်............"

" giမထရင် ကိုယ်အလုပ်ကို တစ်ယောက်ထဲသွားတော့မှာနော် "

အိပ်ပုတ်လေးက ပျင်းကြောတစ်ချက်‌ဆွဲကာ ဟိုဘက်လှည့်သွားသည်မို့ ကိုယ်အလုပ်သွားရင် အလုပ်ထဲကလူ‌တွေနဲ့စိတ်မချဘူးဆိုပြီး အမြဲလိုလိုလိုက်တတ်တဲ့ အကျင့်လေးနဲ့ အကြပ်ကိုင်လိုက်တော့ ချက်ချင်းပြန်လှည့်လာကာ ရင်ခွင်ထဲတိုးဝင်ပြီး ခါးကိုသိုင်းဖက်လာသည်။

Our LoveWhere stories live. Discover now