part-18

937 72 7
                                    


Unicode

" jimin hyung..... ဒီမှာကြည့်ပါအုံး hyungပိစိ ဗိုက်လေးကို...."

yoongi hyungအင်္ကျီပွပွကို ခါးနောက်ကိုစုကိုင်လိုက်ပြီး ပေါ်လာတဲ့ဗိုက်စူးစူးလေးကို လက်ညှိုးထိုးပြ၍ ဝမ်းပန်းတသာဆိုသည်။

" ဒါ......ဒါ....... "

jungkookတို့ရှိရာ computer screenကို ပါးစပ်လေးလက်အုပ်ကာ တအံ့တဩဟန်ဖြင့် လက်ညှိုးထိုးညွှန်ရင်း 'ဒါ'ဆိုတဲ့ စကားတစ်လုံးသာဆိုနိုင်သည်။

" ဟုတ်တယ်.... hyungမှာ ကိုယ်ဝန်ရှိနေပြီ လေးပတ်တဲ့ "

" ကျွန်တော်လဲ ‌ဆေးကုသမှုစတော့မှာ ကျောင်းပြီးရင် hyungပိစိလို့ seokieကိုယ်ဝန်ကို တန်းဆောင်နိုင်အောင်လို့လေ "

ကလေးရသွားပြီဖြစ်တဲ့ yoongi hyungနဲ့ ကလေးယူဖို့ အားတက်သရောပြောနေတဲ့ jungkookကို ဝမ်းနည်းဝမ်းသာ တလှည့်စီဖြတ်ပြေးသော မျက်ဝန်းဖြင့် စိုက်ကြည့်ရင်းမှပင် ဘေးမှာယှဉ်ထိုင်‌နေတဲ့ kim taehyungကို အကြည့်စူးစူးတို့ပို့လွှတ်‌လိုက်သည်။

နေကောင်းကျန်းမာအောင်နေဖို့နဲ့ ဟိုဟိုဒီဒီ မိနစ်လေးဆယ်လောက် အာလာပ သလ္လာပပြောပြီးမှ ဖုန်းချလိုက်သည်။

U.Sမှာ ကျောင်းဆက်တက်ဖို့ရှိတဲ့ yoongi hyungက jungkookအထက်တန်းပြီးအောင်စောင့်ပြီးမှ အတူတူဟိုမှာကျောင်းတက်ဖို့ စီစဉ်သည်။ hoseok hyungကလဲ U.Sမှာ ရုံးခွဲဖွင့်ဖို့ Mr.Jungဆီ အခွင့်တောင်းပြီး ဟိုမှာအချေချဖို့ တစ်ခါတည်းလုပ်သည်။

လူချင်းမတွေ့ရသည့်တိုင် တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ အမြဲဖုန်းဆက်၍ အကျိုးအကြောင်းမေးဖြစ် ပြောဖြစ်ကြသည်မို့ yoongi hyung ကလေးယူဖို့ကြိုးစားနေသည်ဆိုတာလဲ သိသည်။ ကိုယ်လဲ ကလေးယူချင်တယ်လို့ ဟိုလူကြီးကိုပြောတော့ တုတ်တုတ်မျှမလုပ်ဘူးလေ မယူရဘူးတဲ့ တားသည်။

အခု သားအိမ်ထည့် ဆေးအကူယူပြီး  နှစ်နှစ်အကြာ ကျောင်းအပြီးကွက်တိ yoongi hyungကလေးပိစိလေးလွယ်ထားရပြီ။ တွေးရင်းတွေးရင်း ဒေါသတွေ အလိပ်လိုက် အလိပ်လိုက် တက်လာသည်မို့ ဘေးနားမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်‌နေတဲ့ kim taehyung ဆံပင်ရှည်တွေကို အားကုန်ဆွဲဆောင့် လိုက်သည်။

Our LoveWhere stories live. Discover now