part-14

964 92 9
                                    

Unicode

မတတ်သာသည့်အဆုံးမှာတော့ hoseok hyungက yoongi hyungကို တရာဝင်ထိမ်းမြားလက်ထပ်ပွဲ ကျင်းပ၍ ယူပြီး jungkookကို တရာဝင် လက်ထက်မှတ်ပုံတင်၍ ယူမည်ဟု ဆုံးဖြတ်လိုက်ရသည်။

ပြန်မလာတော့ပါဘူးဟု အပြီးပြောသွားသော yoongi hyungကလဲ hoseok hyungလက်ထပ်တော့မည့်သတင်းကြားသည်နှင့် ချက်ချင်းမဆိုင်း ပြန်လာ‌လေသည်။

ပြန်ရောက်သည်နှင့် ဝုန်းဒုန်းကျဲမည်ဖြစ်သော yoongi hyungအကျင့်ကို သိထားပြီးနှင့်သည်မို့ အကြောင်းစုံကို အချိန်တိုအတွင်း အချိန်မှီရှင်းပြရသည်။ လက်မခံနိုင်ဆိုသော်လည်း hoseok hyung၏ တာဝန်မမဲ့မှုကို ကြိုက်၍ စဉ်းစားပေးမည်တဲ့.....။

ကျွန်တော်ဝင်ရှုပ်လိုက်မိတဲ့ဇာတ်လမ်းမှာ သူတို့အဆင်ပြေကောင်းပါရဲ့.......။

_____________________________________

taehyungနဲ့jiminက ကိုယ်နဲ့ယှဉ်ရွေးပြီး seokကို အကြပ်ရိုက်စေခဲ့သည့်ကောင်လေးက ဘယ်လိုဘယ်ပုံရှိသည့် ကောင်လေးလဲဆိုတာ ကိုယ့်ကိုအတော်စိတ်ဝင်စားစေသည်။

အိမ်ရှေ့ဧည့်ခန်းအလယ် မုန်ထုပ်ဗလပွကြား အကျအနထိုင် TVကြည့်နေသည့် ကောင်လေးက seokယူမည်ဆိုသည့် တစ်ယောက်လား......?

" မင်းလား.....? seokနဲ့ယူမယ်ဆိုတဲ့ တစ်ယောက်က "

အာလူးကြော် ပလုပ်ပလောင်းဝါးရင်း ကိုယ့်ကိုမျက်လုံးတစ်ချက်လှမ်ကြည့်သည်။

" seok.....? ဘယ်သူ့ကို‌ပြောတာလဲ.....Jung hoseokကို ပြောတာဆိုရင်တော့ ဟုတ်တယ်..... ခင်ဗျားကကော... ဘယ်သူလဲ.... "

ကိုယ့်ကိုရှိသည်မထင် အရေးမလုပ် Tvအကြည့်မပျက်ဘဲဖြေသည်။ ဂျစ်တစ်တစ် ကောင်ဆိုးလေး ထင်ပါရဲ့.....ဒါပေမဲ့.......ချစ်ဖို့ကောင်းသည်။

" ငါလဲ သူယူမယ့်ယောက်ျားဘဲ "

" ဟိုကလေးအထာနဲ့ စိတ်ဆိုးလို့ နိုင်ငံခြားထွက်သွားတယ်ဆိုတဲ့ ‌တစ်ယောက်လား "

" ဘာ.....မင်း.....မင်း......"

ထွက်နေသည့်ဒေါသတို့ကို အမှီပြန်ထိန်းကာ ကိုယ့်စတိုင်အတိုင်း ခပ်ထေ့ထေ့ပြောလိုက်သည်။

" မင်းကမခေဘူးဘဲ အေးလေ မခေလို့ဘဲ seokကိုအမိဖမ်းတာပေါ့ "

ပြန်လည်ချေပမည့် စကားလုံးတို့အစား မျက်ရည်ဥတို့ ဝေ့ဝိုင်းတိမ်ဆိုင်းနေသည့် အကြည့်တို့ဖြင့် ကြည့်လာသည့် ကောင်လေး.......များမကြာမီမှာတော့ အငိုမိုးရွာလို့လာသည်။

Our LoveWhere stories live. Discover now