part-5

1.3K 148 4
                                    

(Unicode)

" taehyung ah~~~~~ "

" အွန်း........... "

" ကျောင်းရောက်ရင် ကန်တင်းခဏ ဝင်ရအောင်နော်"

" ကန်တင်းကိုဝင်ရင် အတန်းနောက်ကျမှာပေါ့ "

" နောက်ကျလဲကျပေါ့ ငါဗိုက်ဆာတယ်လို့ ကန်းတင်းဝင်ရအောင်နော်......နော်.....နော်လို့..... "

အခုလေး‌တင်မှ သူ့အိမ်မှာ နှစ်ယောက်သား မနက်စာစားလာသည်ကို ဗိုက်ဆာသည်တဲ့လား။ အချစ်က တကယ်ကို အစားပုတ်လေးပါ။ အစာပုတ်လို့လဲ ဝက်ပေါက်လေးဖြစ်နေတာ။ ဝက်ပေါက်လေးက ကျွန်တော့်လက်‌မောင်းကို ကိုင်ကာလှုပ်ယမ်းရင်း လက်ညှိုးလေး တစ်ထောင်ထောင်နှင့် နော်ချင်းထပ်အောင် ပြောနေတော့ ဒီကလူမှာ အသဲတယားယားနှင့်

" ဟော့ဒီကို နမ်းရင်တော့ ကိုယ်ကကန်တင်းမှာ မုန့်သွားဝယ်ပေးမယ် မင်းကအတန်းသွားတက် "

ဘယ်ဘက်ပါးလေးကို လက်ညိုးထိုးရင်း ပြောတော့

" အဟမ်း......ပဲပေါင်မုန့်နဲ့ ပဲနို့ စားမှာနော် "

" အွန်း ချောကလတ်ပါ ဝယ်ခဲ့‌ပေးမယ်"

သေချာတယ်နော်ဆိုသော ပုံဖြင့် စိုက်ကြည့်နေ၍ ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်မှ

" ပွတ်..... ပွတ်....."

ဝက်ပေါက်လေးက ကျွန်တော့်ပါးကို သူ့နှုတ်ခမ်းဖူးဖူလေးနှင့် အသံထွက်သည်အထိကို နမ်းလိုက်သည်။ တစ်ခါတောင် မဟုတ်ဘူး နှစ်ခါတောင် နမ်းလိုက်သည်။ ကျွန်တော် တအံ့တဩဖြင့် ကကြောင်ကြည့်မိတော့

" အဟမ်း......အဲ့လို ပြူးတူးပြဲတဲကြီးနဲ့ကြည့်မနေနဲ့။ အတန်း‌ နောက်ကျခံပြီး ဝယ်ပေးမှာမို့ အားနာလို့ အပိုပေးလိုက်တာ။ "

လက်ကြီးပိုက်ကာ မာန်ချီ၍ ပြောချင်တာပြောပြီးမှ ‌ရှက်ပြီးခေါင်း‌ငုံ့သွား‌သည်။ ဝက်ပေါက်လေး၏ ပါးပြည့်ပြည့်ဖောင်းဖောင်းလေးသည် ကျွန်တော်ကြိုက်သော စတော်ဘယ်ရီသီးလေးလို့ နီရဲလို့။ ကျွန်တော်စိုက်ကြည့်နေတာကို သတိထားမိတော့ မလုံမလဲဖြင့် သူ့ပါးသူ လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ

" ဒီ.......ဒီနေ့......အရမ်းပူတယ်နော် "

လုပ်ချင်တာလုပ်ပြီး ရှက်နေသော ကောင်ငယ်လေးသည် အလွန်တရာမှ လှလွန်း‌နေတာမို့ ဘယ်သူမှမမြင်အောင် ရင်ခွင်ထဲ၌ ထည့်၍ ဖွက်ထားချင်မိသည်။

Our LoveWhere stories live. Discover now