(( 6 ))

7.8K 847 103
                                    

Unicode

ညနေခင်း ပင်လယ်ပြင်ထက်ကနေဝင်ဆည်းဆာကိုခံစားရင်းမျက်စိရှေ့က ပန်းချီဆွဲနေသည့်ကောင်လေးကိုမြတ်နိုးစွာငေးမောမိသည်။

"Jeonကလည်းခေါင်းမလှုပ်ပါနဲ့ဆို Jeonလှုပ်နေရင်ကျွန်တော်ရုပ်ဆိုးဆိုးကြီးဆွဲပစ်လိုက်မှာနော်"

မကျေနပ်စွာစုတ်တံလေးတရမ်းရမ်းနှင့် ရန်တွေ့နေတော့သဘောကျစွာပြုံးမိပြန်သည်။

Taehyungက ပိတ်ရက်တိုင်းအပြင်တစ်နေရာမဟုတ် တစ်နေရာထွက်ကာပန်းချီဆွဲလေ့ရှိသည်မလို့ဒီတစ်ပတ်ပိတ်ရက်Jeonကပါလိုက်ချင်သည်ဆိုလို့ပင်လယ်ဖက်သို့နှစ်ယောက်တူတူထွက်လာဖြစ်ခဲ့ကြခြင်းဖြစ်သည်။

"ကိုယ့်အတွက် တစ်ပုံလောက်ဆွဲပေးနိုင်မလား?"ဟု ဆိုလာသည့်Jeonရဲ့စကားကိုမငြင်းဆန်မိပဲ သူကိုယ်တိုင်ကလိုလိုလားလားဆွဲပေးချင်မိတာကြောင့် Jeonရဲ့ပုံလေးကိုကျေနပ်အားရစွာဖန်တီးဖြစ်သည်။

"ပြီးသွာပြီ ...Jeonဘယ်လိုလဲ? သဘောကျရဲ့လား?"

သူပြောလိုက်တော့ သူ့အနားသို့ရောက်လာကာသူဆွဲထားသည့်Jeonရဲ့ပန်းချီလေးကိုသဘောကျစွာငေးမောနေသည်။

"ကျေးဇူးတင်ပါတယ်Tae ...ကိုယ်အရမ်းသဘောကျတာပဲ"

အခုချိန်ထိပန်းချီပေါ်ကနေအကြည့်မလွှဲနိုင်သေးသည့်Jeon။

"Jeonကပထမဆုံးပဲ ကျွန်တော်ပန်းချီဆွဲပေးဖူးတဲ့သူ"

သူပြောလိုက်တော့Jeonကအံ့ဩသလိုလေးလှည့်ကြည့်လာသည်။ Jeonရဲ့နူးညံ့စွာကြည့်လာသည့် မျက်လုံးလက်လက်လေးတွေက Taehyungရင်ကိုကြည့်မိတိုင်းအေးချမ်းစေသည်။

"ကိုယ်တန်ဖိုးထားပါ့မယ် ဒီပန်းချီလေးကို"

သောင်ပြင်ပေါ်တွင်လေစိမ်းတို့ကတညှင်းညှင်းတိုက်ခတ်လျက်ရှိသည်။ Jeonလိုမျိုးဆီတွေဂျယ်တွေရဲ့အကူအညီမပါတာကြောင့် Taehyungဆံနွယ်ပါးပါးလေးတွေဟာ လေထဲတွင်ထိုးထိုးထောင်ထောင်လေးတွေဖြင့် တလွှင့်လွှင့်ဖြစ်နေသည်။

Jeonကသူ့မျက်ဝန်းတွေပေါက်ထွက်မတတ်ငေးမောစိုက်ကြည့်ရင်း နားထင်သို့လာလွင့်နေသည့်Taehyungရဲ့ဆံနွယ်လေးတွေကိုနားအနောက်သ်ို့သပ်ပေးတော့ မြတ်နိုးရသူကလေးရှက်ပြုံးလေးဖြင့်တုံ့ပြန်လာသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now