(( 14 ))

7.6K 826 77
                                    

Unicode

ဆေးသွင်းပြီးတော့မှ သွှေးရောင်နဲနဲလွှမ်းကာသတိပြန်ရလာသည့်Jungkook။ ဆေးရုံထိရောက်လာခဲ့ပေမဲ့ JungkookကTaehyungသိမည်စိုးသဖြင့် ပြန်မည်တကဲကဲပြင်နေတာကြောင့် သတိရရချင်းJiminမှာဆေးရုံဆင်းဖို့ပြင်ပေးရသည်။

Jaeyunကိုဆေးရုံဆင်းဖို့ကိစ္စတွေခိုင်းထားတုန်း ကုတင်ပေါ်တွင်ထိုင်နေသည့်တစ်ဦးတည်းသော ပုလဲနက်ရဲ့ခေါင်းဆောင် အမွေဆက်ခံသူကိုကြည့်ပြီးJiminသက်ပြင်းချမိသည်။

"အဲ့တော့ဘာဆက်လုပ်မှာလဲJungkook?? မင်းဒီပုံစံအတိုင်းတစ်သက်လုံးနေသွားလို့မရဘူးလေ "

"ကျွန်တော်သိပါတယ်... ဒါပေမဲ့ကျွန်တော်စုံစမ်းရအုံးမယ် ကျွန်တော်မပြီးပြတ်သေးတဲ့ကိစ္စတွေလုပ်ရအုံးမယ် Noonaကိစ္စကိုသေချာဖြေရှင်းပြီး မဟူရာဂိုဏ်းနဲ့ကိစ္စတွေလက်စသတ်ရအုံးမယ်"

ညှိုးငယ်စွာပြောလာသည့်Jungkookရဲ့ပုံရိပ်ဟာ အရင်လို ပုလဲနက်ဂိုဏ်းခေါင်းဆောင်ဆိုတဲ့မာန်တွေ အာဏာအရှိန်အဝါတွေရှိမနေတော့။ စိတ်ပျက်အားငယ်နေပုံက အရင်Gangster Jungkookနှင့်လားလားမျှမသက်ဆိုင်။

"ကျွန်တော် ... ကျွန်တော်Hyungရဲ့နေရာ...Hyungပေးခဲ့တဲ့ဘဝမှာဒီတိုင်းအေးအေးချမ်းချမ်းနဲ့နေမသွားသင့်ဘူး ... နေလို့လဲမရဘူး"

"ဒါဆိုTaehyungနဲ့... ဟို... အင်း....တူတူဟိုလိုမျိုး??"

Jiminကပြောသင့်မပြောင့်သင့်စဉ်းစားချင့်ချိန်နေဟန်ဖြင့် မသက်မသာမေးလိုက်ရသည်။ ဘာကိုဆိုလိုချင်လဲဆိုတာကိုလည်း သက်ဆိုင်သူကနားလည်ပါလိမ့်မည်။

သူမေးလိုက်တော့Jungkookကမျက်ဝန်းသေလေးဖြင့် ခပ်ဆဆပြုံးသည်။

"ကျွန်တော်တို့ကလက်ထပ်ပြီးပြီလေJiminieရဲ့... ကျွန်တော့်အပိုင်မဟုတ်တဲ့ သူ့ကိုလက်ဖျားလေးနဲ့တောင်မထိရက်ချင်ခဲ့ပေမဲ့ Taehyungကိုလည်းမနာကြင်စေချင်ဘူး... "

"Kookie မင်းကွာ..."

Jiminရဲ့ မကျေနပ်စွာယူကြုံးမရရေရွတ်သံအဆုံးတွင်Jungkookကအဆင်ပြေပါတယ်ဆိုသည့်ပုံလေးဖြင့် ပြုံးပြကာသူ့အားတဖန်ဖြေသိမ့်ပေးပြန်သည်။ Jungkookတကယ်အဆင်မပြေနေမှန်းလဲJiminသိပါသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Unde poveștirile trăiesc. Descoperă acum