(( 24 ))

9.7K 831 77
                                    

Unicode

အပြင်လူနာစောင့်တောင်ဝင်တွေ့ခွင့်မရှိသေးသည့် အထူးကြပ်မတ်ကုသဆောင်တွင်းမှစက်ပစ္စည်းအကူအညီအတွေဖြင့်အသက်ရှင်နေပေးသည့်Jungkook...

မိမိအတွက်ဆိုအမြဲဘာမှမစဉ်းစားနိုင်လောက်အောင်ကို အရာရာဖြည့်ဆည်းပေးသည့်ထိုလူသား။

မိမိအတွက်ဆိုနှစ်ခါစဉ်းစားစရာမလိုအောင် အသက်ကိုတောင် စတေးဝံ့သည့်ထိုလူသား။

မှန်သားပြင်ခြားထားသည်မို့ မှန်သားပြင်လေးကိုသာလက်ကလေးဖြင့်ထိရင်း အကာအကွယ်အခန်းလေးအပြင်ကနေ အသက်ရှုနေသေးသည့်ထိုလူသားအားကြည့်ရင်းမျက်ရည်တွေကတသောသောကျရသည်။

ဆေးရုံကားပေါ်သို့ပါလာတုန်းက သွေးအလိမ်းလိမ်းနှင့်ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြင့်အသိမရှိတော့သည့်Jungkookရဲ့နာမည်ကိုအကြိမ်ကြိမ်အော်ဟစ်ကာငိုကြွေးနေခဲ့တာကို အကြင်သူဟာမသိတော့။

တစ်ညနှင့်တစ်မနက်လောက်ကြာသည့်တိုင်အောင်ထိ အရေးပေါ်ခွဲစိတ်မှုခံယူပြီးသည့်နောက်အခုချိန်ထိတောင့်ခံပေးပြီးအသက်ရှင်နေပေးသည့်အတွက် သေလောက်အောင်ကျေးဇူးတင်မိသည်။

အခန်းတွင်းသို့လူနာကိုဝင်ကြည့်လို့မရသော်လည်း အပြင်ကနေသာTaehyungရပ်စောင့်နေပြီးထိုနေရာမှမခွာနိုင်အောင်ပင်ကြောက်ရွံနေမိသည်။

ကြောက်နေပြီ...ဟုတ်တယ် သူကြောက်နေပြီ။ Jungkookကိုသာဆုံးရှုံးလိုက်ရလျှင်ဆိုသည့်အတွေး Jungkookသာတစ်ခုခုဖြစ်သွားလျှင်ဆိုသည့်အတွေးတို့က သူ့အားအိမ်မက်ဆိုးတစ်ခုလိုခြောက်လန့်သည်။

ဒီနှစ်ဒီလတွေအတွင်းမှာကို ဘယ်နှကြိမ်မှန်းမသိတော့အောင်ရောက်လာခဲ့ပြန်သည့်ဤဆေးရုံအရေးပေါ်ခန်း။

ယခုတစ်ကြိမ်ရောက်လာခြင်းသည် Taehyungအတွက်ခံစားရအခက်ဆုံးနှင့်အနာကြင်ဆုံးဖြစ်သည်။

"Taehyungie..."

"Noona.... "

"နေ့လည်စာလေးသွားစားရအောင်နော်... ခဏလောက်အနားယူလိုက်အုံးနော် Jungkookသတိရလာမှာပါ..."

Noonaကလာဖက်ရင်းနှစ်သိမ့်တော့ အားကိုးစရာရင်ခွင်တစ်ခုအတွင်းမျက်နှာအပ်ကာမဖြေနိုင်မဆည်နိုင်ငိုမိပြန်သည်။ ဒီအချိန်မှာ Taehyungအတွက်ဖြေသိမ့်နိုင်မည့်အရာတစ်ခုမှမရှိတော့။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now