(( 18 ))

7.8K 759 79
                                    

Unicode

စံအိမ်ကနေထွက်လာခဲ့ပြီးနောက် မောင်နှမနှစ်ယောက်အရင်ကနေခဲ့သည့် ခေါင်မိုးထပ်အိမ်လေးသို့ပြန်ရောက်လာခဲ့ပြန်သည်။ သို့သော်အခုတစ်ခေါက်ဤအိမ်လေးသို့ပြန်လာရတာ ပေါ့ပါးပျော်ရွှင်မနေသလိုနွေးထွေးလုံခြုံမှုရှိသည်လို့လည်းမခံစားရတော့။

Taehyungငယ်ငယ်ကတည်းကကြီးပြင်းလာသည့်နေရာလေးမလို့ လူမနေဖြစ်တော့တာတောင်Jeon...အာ... Jungkookကလူလွှတ်ပြီးအမြဲသန့်ရှင်းခိုင်းနေကျမလို့ ဖုန်ထူထပ်မှာတွေမပူရအချိန်မရွေးလူနေလို့ရနိုင်သည်။

ထိုလူသားအကြောင်းတွေးမိလိုက်သည်နှင့် မျက်ရည်တို့ကမထိန်းနိုင်။ နှလုံးသားတစ်ခုလုံးပေါက်ထွက်မတတ်နာကြင်ရပါသည်။

Noonaကတော့အရိပ်အခြေသိနေသည်လား လိမ္မာတယ်ပဲဆိုရမလားမသိ။ အရင်လိုတဂျီဂျီနဲ့ဂျီမကျတော့ပဲ သူ့ဘာသာတစ်နေရာတွင်သူ့အရုပ်လေးတွေဖြင့်ကုပ်ကုပ်လေးငြိမ်ထိုင်ဆော့နေကာ တချက်တချက်သူ့အားလှမ်းလှမ်းကြည့်နေသည်။

ဦးနှောက်တစ်ခုလုံးနှောက်ကျိနေသလို ရင်ဘတ်တစ်ခုလုံးလဲဟင်းလင်းပြင်ကြီးထဲရောက်နေသလို အသိစိတ်တို့လဲရှိမနေနိုင်တော့။ ဘာတွေးလို့တွေးရမှန်းမသိတော့သလို ဘာဆက်လုပ်လို့လုပ်ရမယ်မှန်းလဲမသိတော့။

အမုန်းတွေ အချစ်တွေ ခွင့်လွှတ်မှုတွေ နာကြင်မှုတွေအကုန်ရောထွေးနေကာဘာမှမစဉ်းစားနိုင်။  စံအိမ်ကထွက်လာကတည်းကတောက်လျှောက်ငိုနေမိတာ။ အိမ်ရောက်တော့လည်း Noon​aကိုအာရုံမစိုက်နိုင်။  အရင်ကနေခဲ့သည့်အခန်းငယ်လေးထဲကကုတင်လေးပေါ်တွင် ခွေခွေလေးအိပ်စက်ပြီးတော့သာအနားယူချင်မိသည်။

ကျုံ့ကျုံ့ကလေးလှဲကာမျက်လုံးစုံမှိတ်မိတော့ ညတိုင်းခိုဝင်အိပ်စက်ခဲ့ဖူးသည့် နွေးထွေးလုံခြုံမှုတွေပေးခဲ့သည့်ရင်ခွင်တစ်ခု၏ပိုင်ရှင်ကအတွေးအာရုံတို့တွင်ဝင်ရောက်လာသည်။

"အင့်....ဟင့်အင်း ....Jeonထင်လို့ပါ... ဟုတ်တယ်Jeonထင်ခဲ့လို့ပါ..."

ဖော်ပြလို့မရသည့်နာကြင်မှုနှင့်အတူ ရင်ဘတ်ထဲစို့နင့်မှုတို့ကဘာကြောင့်ဖြစ်မှန်းမသိ။ ခွေခွေလေးလှဲအိပ်နေရာမှ ကျုံ့သထက်ကျုံ့လိုက်ရက်းကွေးကွေးကလေးကြိတ်ငိုမိပြန်သည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now