(( 1 ))

44.6K 1.6K 122
                                    

Unicode

'ကလင် ကလင် ကလင်'

ကျောင်းခေါင်းလောင်းသံ အချက်ပေးသည့်နှင့်ကျောင်းခန်းထဲကအလျှိုလျှိုထွက်သွားကြသည့် ကျောင်းသားကျောင်းသူများ။ 

Taehyungလည်းစာအုပ်တွေသိမ်းလိုက်ပြီးထမည်အလုပ် သူ့ခုံကိုကန်ကာသူ့ဘေးကဖြတ်လျှောက်သွားသည့်ကျောင်းသားတစ်ယောက်ကြောင့်လူကတုန်ခနဲ။

သူမော့ကြည့်လိုက်တော့ မဲ့ပြုံးလေးတစ်ချက်ပြုံးကာစုပ်လုံးချိုချဉ်စုပ်လျက် အခန်းထဲကထွက်သွားသည့်Jungkook။ သူလစ်လျူရှုလျက် ခေါင်းသာအသာခါမိလိုက်သည်။

စီနီယာအထက်တန်းကျောင်းသားတွေမလို့ စာတွေလုပ်ရသည့်အပြင်ကိုယ့်ကျောင်းလခကိုယ့်ဘာသာကိုယ်ရှာကာကျောင်းတက်နေရသူမလို့ စိတ်ဒုက္ခဖြစ်စေမည့်ကိစ္စတွေဆို သူဝေးဝေးကရှောင်ဖြစ်သည်။ သို့သော်ဒီပြဿာနာကောင်ကတော့ သူ့ကိုရှောင်ချင်ဟန်မတူ။

အခုလည်းသူ့ကိုခနဲ့ပြုံးနှင့်ပြုံးသွားသည့်Jungkookပုံက တစ်ခုခုဒုက္ခပေးအုံးမည့်ပုံ။ ဒင်းကတော့ထုံးစံအတိုင်းJunhoတို့အုပ်စုနှင့်ရန်သွားဖြစ်ကြအုံးမည်ထင်သည်။

သူကျောင်းရှေ့သို့ရောက်တော့ ကားနက်ကြီးတစ်စီးကသူ့ဘေးလာရပ်သည်။ ထွက်ပြေးလည်းလွတ်မည်မဟုတ်တာကြောင့် သူရပ်သာစောင့်နေလိုက်သည်။ ခဏကြာတော့ကားပေါ်ကဆင်းလာသည့် အနက်ရောင်suitအပြည့်အစုံဝတ်ထားသည့်လူတစ်ယောက်။

သူဆီသို့လျှောက်လာသည့်ထိုလူကိုသူစိမ်းမနေပါ။ သို့သော်ရင်းလည်းမရင်းနှီး။ မျက်နှာထားတင်းတင်းနှင့်ထိုလူက Taehyungကိုတွေ့တောနှုတ်ခမ်းတစ်ဖက်ရွဲ့ကာပြုံးပြလာပြန်သည်။

လူဆိုးတွေကဒီလိုပဲပြုံးကြသလား? Jungkookဆိုတဲ့တစ်ယောက်လည်းတူတူပဲ။

"Kim Taehyung sii...ထပ်တွေ့ကြရပြန်ပြီပဲ သုံးခါမြောက်တွေ့ဆုံမှုပါ။ ဘယ်လိုလဲကမ်းလှမ်းထားတဲ့ကိစ္စ စဉ်းစားပြီးသွားပြီလား?"

"ကျွန်တော်အဖြေကို အစကတည်းက ပြောခဲ့ပြီးသားလေဗျာ။ Jeon Jungkookကို စာမသင်ပေးနိုင်ဘူး။ တခြားတစ်ယောက်သာရှာလိုက်ပါ ကျေးဇူးပြုပြီး ကျွန်တော့်ကိုထပ်လာမရှာပါနဲ့ ဒါဆိုအချိနိပိုင်းအလုပ်လေးရှိသေးလို့ ခွင့်ပြုပါအုံး"

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now