(( 20 ))

8.9K 803 72
                                    

Unicode

"ဘာ!! ကောင်မလေးသတိရလာပြီ??"

"......."

"အဲ့တာနဲ့ကျွန်တော်တို့အကြောင်းတွေသိကုန်တော့မှာမဟုတ်ဘူးလား.... ကျွတ်..."

"......"

"နားလည်ပြီ အဲ့ကိစ္စကျွန်တော်ကြည့်ရှင်းလိုက်မယ်။ ပြီးတော့ Videoကိစ္စသေချာစုံစမ်းပေးပါ။ အခုထိဘာသတင်းမှမကြားရသေးသလောက် သူတို့လဲမရလောက်သေးဘူး သပ်သပ်ခြောက်သွားတာ"

"......"

"OK ..."

Junhoဖုန်းလဲချလိုက်တော့ ဒေါသထွက်တာကြောင့်လူကပူထူပြီးတောက်တချက်အကျယ်ကြီးခေါက်မိသည်။

ဟယ်ရာတောင်ကုန်းကကောင်မလေးကို ဒီကြားထဲအသေမသတ်ခဲ့မိလိုက်တာမှားသွားသည်။ သတ်လို့ကလည်းမရ ပုလဲနက်ကသူတို့အရိပ်အနားကိုတောင်ကပ်လို့မရအောင် လုံခြုံရေးကမြင့်ထားသည်လေ။ တောင်ကုန်းမှာတုန်းကလဲ ပုလဲနက်ကလူတွေရောက်လာတာကြောင့် သတ်ဖို့အချိန်မရလိုက်။

'ကျွတ်'

"တော်တော်အသက်ပြင်းတဲ့ဟာမပဲ ဒီလောက်ရိုက်ခဲ့တာကိုမသေဘူးလား??"

Junhoတစ်ယောက်ဖုန်းဆက်ပြီးကတည်းကဂဏာမငြိမ်။ စားပွဲခုံပေါ်လက်ချောင်းလေးတွေတတောက်တောက်ခေါက်လိုက်ရင်း Min Yoongiဆိုတဲ့ဂြိုဟ်မွှေပြီးvideoရိုက်ထားတဲ့ကောင်နှင့် ထိုကောင်မလေးအားမည်သို့ဖြေရှင်းပစ်ရမည်ဆိုတာကိုသာအသည်းအသန်စဉ်းစားနေမိသည်။

ဒါပေမဲ့ ကောင်မလေးကိုရှင်းဖို့က အခုဆိုရင်တော့မခက်ခဲလောက်တော့ပါဘူး။ ရှင်းပေးနိုင်မဲ့သူက ပုလဲနက်ရဲ့အနီးနားမှာရောက်နေပြီလေ။ အဓိပ္ပာယ်ပါတဲ့အပြုံးလေးကိုပြုံးလိုက်ရင်းစီးကရက်တစ်လိပ်ကိုမီးညှိကာ ခပ်ပြင်းပြင်းမှုတ်ထုတ်ပစ်လိုက်သည်။

-
-
-
-
-
-
-

"အမေတစ်ယောက်လုံးကို အဆက်အသွယ်မလုပ်ရလောက်အောင်ထိနေနိုင်ပြီဆိုတော့ တော်တော်နေကောင်းနေပြီထင်တယ်"

အခုဆိုဧည့်ခန်းထဲတွင် Jungkookနှင့်Taehyungရှေ့မျက်နှာချင်းဆိုင်တွင် ဒူးချိတ်ကာဟန်ပါပါနှင့်ထိုနေသည့်မာမီ။ Jimin hyungက ခပ်လှမ်းလှမ်းကတနေရာတွင်ထိုင်သည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now