(( 13 ))

7.9K 835 49
                                    

Unicode

ဒီနေ့ညတော့ Taehyungသင်တန်းဆင်းပြီးBarတစ်ခုမှာJeonသူငယ်ချင်းတစ်ယောက်ရဲ့ bachelor night partyမလို့ သူငယ်ချင်းတွေနှင့်ချိန်းထားကြသည်။

သတို့သမီးလောင်းလေးတွေကတစ်ဝိုင်းသပ်သပ်ဖွဲ့ကာ သူတို့ယောကျာ်းလေးသတို့သားနှင့်အဖွဲ့ကတစ်ဝိုင်းစီခွဲကာပျော်ပါးနေကြသည်။

Taehyungကတော့ အရင်ကတည်းကJungkookကတအားမသောက်ခိုင်းခဲ့တာလဲပါ သောက်သည့်အကျင့်လဲမရှိခဲ့တာမလို့တအားမသောက်နိုင်။ ထို့ကြောင့်ကိုလာလေးနဲ့ အမြည်းလေးသာကောက်ဝါးနေသည်။

Jeonကတော့သတို့သားဖြစ်ပုံပေါ်သည့်ကောင်လေးနှင့်စကားလှည့်ပြောနေသည်။ ထို့နောက်ဆူဆူညံညံအသံတွေဖြင့် သောက်စားအော်ဟစ်နေကြသည်။ Jeonကတော့ကော့တေးလေးတစ်ခွက်သာ ဖြည်းဖြည်းချင်းသောက်နေပြီး သူ့ဖက်သို့မပျင်းအောင်စကားလှည့်လှည့်ပြောပေးနေတာကြောင့် သူ့မှာကြည်နူးရပြန်သည်။

"Justinမင်းကွာ မင်းယောကျာ်းအဲ့လောက်မျက်စိအောက်ကအပျောက်မခံချစ်နေရင်လည်းပါးစပ်ထည့်ငုံထားလိုက်တော့bro "

"အေးကွာ ငါတို့ကြည့်ရတာကြက်သီးထတယ်ကွာ"

Jeonကိုသူငယ်ချင်းတွေကဝိုင်းစကြတော့ သူတို့အားလုံးသဘောကျစွာရယ်သံတွေကထွက်လာကြသည်။ တကယ်လည်းသူများတွေပြောလဲပြောချင်စရာပဲကို။ Partyလာပါတယ်ဆိုမှပဲ Jeonကသူငယ်ချင်းတွေနဲ့မကဲဘူး သူ့အနားပဲကပ်နေတာကိုး။

"အေးကွာ ငါတို့မှာမင်းဖြစ်ထားတော့ bachelor nightလုပ်ရတာတောင်ခပ်လန့်လန့်ရယ်... အဲ့တုန်းကတကယ်ငါတို့လန့်သွားကြတာ"

လပ်ထပ်ပွဲနေ့ညကအက်ဆီးဒင့်အကြောင်းပြန်ပြောနေကြသည်မလို့ Jeonကမျက်နှာတစ်ချက်ပျက်သွားသည်ကိုTaehyungမြင်လိုက်ပါသည်။ ထိုကိစ္စကJeonအတွက် အလွန်နာကြင်စရာကောင်းသည့်အတိတ်ဆိုးမှန်းသူသိသည်လေ။

"အေးကွာ ဘာပဲဖြစ်ဖြစ်ဒီညတော့ပျော်ကြရအောင်ကွာ အဲ့အကြောင်းတွေပြန်မပြောနေကြနဲ့တော့"

"အေးကွာ..."

"ဒါနဲ့ ဟေ့ကောင်Justin"

သတို့သားကောင်လေးက ရုတ်တရက်လှမ်းခေါ်ခြင်း။ Jeonကတော့သူ့ပန်းကန်ထဲကြက်သားတုန်းလေးတွေလှမ်းထည့်ပေးနေရင်းပြန်ထူးသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now