(( 27 ))

10.9K 867 82
                                    

Unicode

မနက်ခင်းနေအတော်မြင့်သည်အထိ အိပ်နေဆဲဖြစ်သည့်Jungkook။ မျက်နှာပေါ်သို့နေရောင်စူးစူးကျလာတာ သိသော်လည်းမျက်လုံးကမဖွင့်မိသေး။ ဒီနေ့ဂိုဏ်းကို သွားစရာမလိုသည်မလို့အေးအေး ဆေးဆေးအိပ်ပျော်နေခြင်းပင်။

သို့သော်အိပ်ကောင်းခြင်းကကြာကြာမအိပ်လိုက်ရ။ နှာခေါင်းတွင်းဝင်လာသည့်စတော်ဘယ်ရီနံ့နှင့်ရောစပ်နေသည့်ကိုယ်နံ့သင်းသင်းလေးနှင့်အတူ မျက်နှာပေါ်မှခံစားနေမိသည့် ကလိကလိအထိအတွေ့လေးတွေကြောင့် မျက်စိတွေမှိတ်ထားလျက်ပင်သဘောကျစွာပြုံးလိုက်မိသည်။

နောက်ဆုံးသူ့နှုတ်ခမ်းပေါ်သို့ဖွဖွလေးကျရောက်လာသည့်အထိအတွေ့လေးကြောင့် သူ့မှာဆက်မအိပ်နိုင်တော့။ သူ့အားမနက်စောစောလာကလိနေသည့် ကောင်လေးကိုတဖန်အိပ်ယာပေါ်ပြန်ဆွဲချလိုက်ရင်းအပေါ်ကနေအုပ်မိုးလိုက်တော့ ပြုံးစိစိကလေးပြန်ကြည့်နေသည့်အနှီနှလုံးသားငယ်။

"လူကို မနက်ခင်းကြီးရင်ခုန်အောင်လာလုပ်နေတာပေါ့လေ"

"မလုပ်ပါဘူး ငါ့ဟာငါမင်းကိုလာနှိုးတာလေ ... မင်းဘာသာရင်ခုန်သွားတာတော့မတတ်နိုင်ဘူး"

သူ့ရင်ခွင်အောက်ကနေ မထိတထိနှင့်ပြောင်စပ်စပ်လေးပြောနေသည့် Taehyungပုံလေးကဆွဲဆက်လုပ်ချင်စရာလေးပင်။

Taehyungနှင့်Noonaကစံအိမ်တွင်ပြန်လာမနေကြသေး။ ကြဉ်းကျပ်ကျပ်နှင့် မလုံမခြုံခေါင်မိုးထပ်အိမ်လေးတွင်မနေစေချင်ပေမဲ့လည်း ချစ်သူရဲ့ဆန္ဒကိုဇွတ်မပြောချင်တာကြောင့်Jungkookထပ်မပြောမိ။

အခုလည်းမနက်စောစောစံအိမ်ရောက်လာကာ သူ့အားလာနှိုးခြင်းဖြစ်သည်။ အရင်တုန်းကအချိန်လေးတွေကို ပြန်တွေးမိတာကြောင့်သဘောကျစွာပင်ပြုံးလိုက်မိသည်။ အရင်ကတုန်းကလည်းTaeကသူ့ကိုမနက်ဆို စံအိမ်ကိုလာနှိုးနေကျမဟုတ်ပါလား။

ထို့နောက်သူ့အားပြုံးပြုံးကလေးကြည့်လာပြန်သည်မလို့ သူလဲသဘောကျစွာပြန်ပြုံးလိုက်မိသည်။ မနက်ခင်းလေးကို ချစ်သူရဲ့အပြုံးလေးနဲ့စတင်ရတာလောက် Jungkookရဲ့ဘဝမှာပျော်စရာကောင်းတာမရှိတော့။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Dove le storie prendono vita. Scoprilo ora