(( 28 )) - Final

17.7K 1K 106
                                    

Unicode

"Taehyungieရေ စံအိမ်သွားမှာဆို မနက်စာမြန်မြန်လာစား Jungkookစောင့်နေရလိမ့်မယ်"

"Nae... Noonaရောလိုက်မှာလား??"

"ဟင့်အင်း Noonaသွားစရာရှိလို့အပြန်ကျမှစံအိမ်ဝင်ခဲ့တော့မယ်နော်"

"Nae Nae"

ဒီနေ့ကJungkookနှင့်အတူ မင်္ဂလာဝတ်စုံသွားရွေးကြမည်ဖြစ်တာကြောင့်မနက်ကတည်းကTaehyungမှာတက်ကြွတဲ့ကြက်ဖလေးဖြစ်နေသည်။

Jungkookကပုလဲနက်ရဲ့Gangleaderဖြစ်တာကြောင့် Jimin hyungကဒီတစ်ခါတော့လက်ထပ်ပွဲကိုအကျဉ်းချုံးလုပ်ခွင့်မပြု။ အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုတွင် ခမ်းနားစွာပြင်ဆင်ပေးထားသည်။

စံအိမ်ကိုရောက်တော့ အပြင်တစ်နေရာသွားရန်အိမ်ရှေ့ထွက်လာသည့် Jimin hyungကိုသာတွေ့သည်။

"အော် Taehyungရောက်ပြီလား အတော်ပဲ ...Jungkookကဂိုဏ်းမှာအရေးကြီးကိစ္စရှိလို့မနက်အစောကတည်းကသွားတယ် ... ဘယ်လိုလုပ်မလဲ?? စံအိမ်မှာပဲစောင့်မလား? ငါအခုဂိုဏ်းသွားမလို့ လိုက်ခဲ့ချင်လား?"

Jungkookကသူ့ကို စောင့်လဲမစောင့် ဖုန်းလေးတောင်ဆက်မပြောတော့ စိတ်တော့ကောက်ချင်သွားသည်။ ဒါပေမဲ့လည်း ဖုန်းတောင်မဆက်ပြောနိုင်လောက်သည့်အထိဆိုတော့ တော်တော့်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပါလိမ့်မည်။

"Nae ကျွန်တော်တစ်ခါတည်းလိုက်ခဲ့လိုက်မယ်Hyung... "

Jimin hyungနှင့်အတူဂိုဏ်းကိုရောက်လာတော့ Jimin hyungကအလုပ်အနှောက်အယှက်ဖြစ်မည်စိုးတာကြောင့် Jungkookရဲ့အခန်းသို့သွားခွင့်မပေး။ထို့ကြောင့် Jimin hyungရဲ့ရုံးခန်းတွင်း၌သာပျင်းပျင်းရိရိနှင့်ထိုင်စောင့်နေရသည်။

Jiminကလည်း ရုံးခန်းရောက်သည်နှင့်အလုပ်ထဲခေါင်းနစ်သွားတော့သည်။ ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်လိုက် စာရွက်တွေနဲ့အလုပ်ရှုပ်လိုက် Jaeyunကကိစ္စတွေတစ်ခုပြီးတစ်ခုဝင်လာပြီးပြောလိုက်။ ပြန်ထွက်သွားလိုက်ဖြင့်အလုပ်ရှုပ်နေကြသည်။

'ဒေါက် ဒေါက်'

တစ်ဖန်ပြန်ဝင်လာပြန်သည့်Jaeyun။ သူလည်းလက်ဖက်ရည်ခွက်လေးသောက်ပြီး ဖုန်းကြည့်လိုက်Jimin hyungတို့ပြောတာတွေနားထောင်လိုက်နှင့်အချိန်ဖြုန်းနေရသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now