(( 19 ))

7.9K 808 167
                                    

Unicode

မနက်ခင်းဆိုတဲ့ အချိန်တစ်ခုကိုကျရောက်လာပြန်သည်။ မျက်လုံးအစုံဖွင့်ဖွင့်ချင်း လစ်လပ်နေသည့်ဘေးတစ်နေရာတစ်ခုကြောင့် သက်ပြင်းတစ်ခုကိုမနက်ခင်းတိုင်းချဖြစ်နေသည်။

မနက်ခင်းတိုင်းတိုးဝင်စရာရင်ခွင်တစ်ခုကမရှိနေတော့သလို မနက်ခင်းအနမ်းလေးတွေဖြင့်လာနှိုးနေကြ တစ်စုံတစ်ယောက်ဟာလည်းမရှိနေတော့။ တစ်ပတ်လုံးလုံးအသားကျအောင်နေပါသော်လည်း နှလုံးသားကနေသားမကျသည်မှာTaehyungအတွက်အခက်ခဲဆုံးပင်။ ဝန်မခံချင်ပေမဲ့ Jungkookမရှိတဲ့နေ့ရက်တွေကို သူတစ်ယောက်တည်းဖြတ်သန်းဖို့နေသားလုံးဝမကျ။ လွမ်းဆွတ်နေမိသည့်ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်တော့။

Jeonမဟုတ်တဲ့Jungkookရဲ့အချစ်တွေနဲ့နေသားကျခဲ့တဲ့နေ့ရက်တိုင်းအတွက် အခုထိုလူသားမရှိသည့်နေရက်တွေကိုဖြတ်သန်းနေရသည်မှာ ပင်ပန်းခက်ခဲသလိုလို။ တစ်စုံတစ်ခုလစ်ဟာနေသည့်ခံစားချက်နှင့်အတူ နာကြင်နေသည့်နှလုံးသားငယ်သည်လည်းဘာအကြောင်းကြောင့်မှန်းမသိ။ သိလဲမသိရဲ။

တကယ်ဆိုသူ့ဘဝထဲမှာJungkookကပဲအမြဲတမ်းရှိနခဲ့တာပဲ။ အထက်တန်းကျောင်းသားဘဝကတည်းက Jungkookနှင့်ဝေးရာမှာသူတစ်ခါမှမနေခဲ့ဖူး။ Jungkookရဲ့အရိပ်အောက်ကနေတစ်ခါမှမရုန်းထွက်ခဲ့ဖူး။ သူ့ဂရုစိုက်မှုတွေနဲ့Tahyungရင်းနှီးကျွမ်းဝင်ခဲ့မိသည့်နှစ်တွေကနည်းမှမနည်းခဲ့တာ။ မင်းကိုလွမ်းနေမိတာ အပြစ်တော့မဖြစ်ဘူးမလားJungkook?

မနက်စာပြင်နေရင်းNoonaအတွက်နွားနို့ပူလေးတစ်ခွက်ပြင်ပေးကာပေါင်မုန့်လေးယိုသုတ်ပေးတော့ ငြိမ်ငြိမ်လေးထိုင်စားနေရှာသည်။

သူသောက်ဖို့ကော်ဖီတစ်ခွက်ဖျော်နေတုန်း ရုတ်တရက်ခေါင်းထဲဝင်လာသည့်အကြောင်းတစ်ခု။

Jungkookကကော်ဖီနှင့်ဓာတ်မတည့်။ ဒါဆိုဒီအတောအတွင် Jeonအတွက်ဆိုပြီးသူဖျော်တိုက်သမျှတစ်ခါမှမငြင်းပဲသောက်ပေးခဲ့သည့်Jungkook။

ထိတ်ခနဲစိုးရိမ်သွားသည်နှက့်အတူ မျက်လုံးထဲတွင်ပြည့်အိုင်လာသည့်မျက်ရည်အချိ့။ Jungkook မင်းတကယ်ပဲဘယ်လိုလူလဲ?

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now