(( 23 ))

9.3K 843 84
                                    

Unicode

Jungkookဟယ်ရာဘုရားကျောင်းပျက်ကြီးကိုအရင်ရောက်သွားသည်။ ဘုရားကျောင်းပျက်ကြီးထဲဝင်လိုက်တော့ မာမီကထိုင်ခုံတစ်နေရာတွင် ထိုင်နေရာမှထလာကာလက်ခုပ်တီးကာကြိုဆိုသည်။

"ရောက်လာပြီလား?? မြန်လိုက်တာJungkook"

သူရုတ်တရက်ကြောင်သွားရတော့သည်။ မာမီကအဖမ်းခံထားရတာဆို။ ဘယ်လိုဖြစ်ပြီး?? သူJungkookမှန်းသိနေခဲ့တာလား?

"မာ..မာမီ? အဖမ်းခံထားရတာဆို?"

"မင်းကလေ တကယ်စောက်အ သိလားJungkook... ဒါများဘယ်လိုGangleaderလုပ်နေလဲမသိဘူး..."

"ပြောမနေပါနဲ့ အဲ့ကောင်ကအယုံလွယ်တဲ့ကောင်သတ်ချင်ရင်အရမ်းကြိုးစားစရာတောင်မလိုဘူး"

ဘယ်ကမှန်းမသိ ထွက်လာသည့်Junho။ Junhoကမာမီ့ဘေးနားမှာသွာရပ်လိုက်ရင်း စီးကရက်တလိပ်သောက်ကာသူ့အားလှောင်ပြုံးပြုံးပြနေသည်။

Junhoကိုမြင်တော့ လက်ကသေနတ်အဆင်သင့်ချိ်နထားလိုက်ပြီးသား။

"Junho မာမီ့နားကဖယ်လိုက်! "

"အဟက်.."

"ဒီအခြေအနေမှာတောင် အရိပ်အကဲကမသိသေးဘူးလဒက"

Junhoအပြောကိုမာမီကရယ်လျက်ထောက်ခံသည်။ ဘာတွေလဲ? မာမီနဲ့Junhoကသိနေကြတာလား? မာမီကမဟူရာနဲ့ပက်သက်နေတာလား??  ထို့နောက်မာမီက

"ငါ့မှာတော့ သေသွားတာJeon Jungkookဆိုပြီးစိတ်တွေပေါ့ပါးနေခဲ့တာ ... ဘယ်ဟုတ်မလဲJustinဖြစ်နေတာတဲ့...ခေါင်းဆောင်သေရင်ပုလဲနက်ကိုရှင်းဖို့ပွဲပြီးပြီကို... ကျစ်"

"မာမီ အဲ့တာဘာပြော.."

"သေစေချင်တာနင်တို့အကုန်လုံးကို! နင်တို့အဖေရော နင်တို့ရော နင်တို့ပုလဲနက်တစ်ခုကိုလုံးပျက်စီးသွားစေချင်တာ!!"

Jungkookသေနတ်ချိန်ထားသည့်လက်တွေပြေလျော့သွားရတော့သည်။ စိတ်နှလုံးကြေကွဲခြင်းက စကားပင်ထွက်မလာနိုင်တော့။ စိတ်တွေနွမ်းလျသွားရတော့သည်။

တကယ်ပဲ သူဟာမေတ္တာနဲ့မထိုက်တန်ခဲ့ဘူးလား။ ဘယ်သူ့မေတ္တာနဲ့မှမထိုက်တန်ခဲ့ဘူး။ စိတ်ရင်းနဲ့မေတ္တာထားပေမဲ့သူ သူ့ဘဝမှာတကယ်ပဲမရှိနေခဲ့ဘူးပဲ... အမေရင်းကတောင်...

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Kde žijí příběhy. Začni objevovat