အပိုင်း ၁၁

9.9K 991 27
                                    


Unicode

" ဂျောင်ကု မင်းငါ့ကိုရှောင်နေတာလား? "

ကျောင်းပေါက်ဝတွင်ရှိနေသော ဆရာသေးသေးနှင့် မဆုံချင်တာမို့ ကျောင်းနောက်ပေါက်ကနေ ထွက်လာလိုက်တာ အခု ဆရာသေးသေးနဲ့ ဒဲ့တိုးပြန်သည်။

ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချည်ရဲ့ ထင်နေတာ အခုတော့ ... ။

ဆရာသေးသေးမတွေ့ခင် ပြန်ကွေ့မယ်အလုပ် ဆရာသေးသေးဆီမှမေးမြန်းလာခြင်းဖြစ်သည်။

" မဟုတ်ပါဘူး ''

ဆရာသေးသေးကိုနောက်ကျောပေးကာ သူပြန်ဖြေလိုက်၏။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးဆွဲလှည့်ခြင်း ခံလိုက်ရပြီး ဆရာသေးသေးရဲ့ အကြည့်ချင်းဆုံမှုကိုလည်း ခံလိုက်ရပါ၏။

" ငါ့မျက်လုံးကို တည့်တည့်ကြည့်ပြီးဖြေ ''

ပုခုံးပေါ်တင်ထားသော လက်နှစ်ဖက်ကို ပုတ်ချလိုက်ပြီး အကြည့်ချင်းဆုံရန်ကြိုးစားနေသော ဆရာသေး​သေး၏
မျက်လုံးတို့ကို ဥပေက္ခာပြုကာ သူ ဆရာသေး​သေးကို ကျောခိုင်းခဲ့ပြန်သည်။

" မင်းငါ့ကိုရှောင်နေရတဲ့အကြောင်းကိုပြောလေ၊ မင်းပြောမှငါသိမှာပေါ့ ''

သူနဲ့ဆရာ​သေးသေးကြား အကွာအဝေးက အနည်းငယ်လှမ်းသော်လည်း အော်ဟစ်ပြောဆိုနေသည့် ဆရာသေးသေးကို သူလှည့်မကြည့်ခဲ့ပါ။

မုန်းတယ်! ဆရာ့ကိုတွေ့တိုင်း ရှောင်ဖယ်နေရတာမျိုးကို မုန်းတယ်! ။

ကျွန်တော်က Stright ၊ ဆရာ့ကိုဘယ်လိုမှချစ်မိနေမှာမဟုတ်ဘူး။ ဟား ဟား ဟား ဘယ်လိုမှချစ်မိနေမှာမဟုတ်ဘူး! ။

" ခင်ဗျားပဲ ၊ အကြောင်းအရင်းက ခင်ဗျားပဲ ''

" ငါ ... ?  ငါ ဘာလုပ်မိလို့လဲ ? "

သူ့မျက်ဝန်းထဲအရည်ကြည်များပြည့်နှက်နေပြီး ဆရာ​သေးသေးအားပြန်ဖြေမည့် စကားလုံးများဟာ လည်ချောင်းထဲပိတ်ဆို့နေသည်။

" ကျွန်တော် ဆရာသေးသေးကိုချစ်မိနေလို့!  " ဟု ပြန်ပြောချင်သော်လည်း တကယ့်လက်တွေ့တွင် အာစေးနေသည်။

" ခင်ဗျား ကျုပ်နားကနေ တိတ်တိတ်လေး ထွက်သွားပေးလို့ရမလား? "

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now