အပိုင်း ၁၇

8.7K 892 52
                                    


Unicode

ဆိုဖာရှည်၏အလယ်တွင် ဂျီမင်း၊ ဘေးတစ်ဖက်တစ်ချက်စီတွင် ဂျောင်ကုနှင့်ယောင်းဂျယ်တို့ကိုယ်စီထိုင်နေကြကာ တီဗီကြည့်နေကြသည်။

တီဗီကြည့်ရင်း လိမ္မော်သီးစားရင်း သူ့အိမ်မှာ ဇိမ်လာကျနေသော ဂျောင်ကုပါလေ. . .။

ယောင်းဂျယ်ကတော့ မိန်းမသားပီပီ ငြိမ်သက်စွာထိုင်ကာ ဖွင့်ထားပေးသော လိုင်းအား နေကြာစေ့စားရင်းကြည့်နေသည်။ တစ်ခုပဲ ဂျောင်ကုနှင့် လိုင်းလုတာရယ်၊ သူ့အား ကလေးတစ်ယောက်လို လာတို​င်တောသည်ကလွဲရင် ယောင်းဂျယ်က ဘာမှအပြစ်ပြောစရာမရှိဘဲ။

အယ်! သူတပည့်ကျော် ဂျောင်ကုကတော့ ခြေထောက်နှစ်ဖက်ကြီး ကားယားထိုင်ကာ ရယ်လျှင်လည်း တိတ်တိတ်မရယ်ပါဘဲ အသံပြဲကြီးနဲ့ရယ်၍ တစ်ခါတစ်ခါလူကိုလည်း လာလာရိုက်၍ ရယ်တတ်ပါသေးသည်။ ဒီလိုတပည့်မျိုးက သူ့အတွက်ပြိုင်စံရှား။

ဒင်းတို့နှစ်ယောက် တီဗီထိုင်ကြည့်တာ တခြားအလုပ်လုပ်ရမယ်မရှိဘူး။ သူ မရှိတာနဲ့ပဲ ဒင်းတို့နှစ်ယောက်က ထသတ်နေကြသည်။

တီဗီကြည့်ကြပြန်တော့လည်း သူဟိုလိုင်းကြည့်မယ်၊ ငါဟိုလိုင်းကြည့်မယ်နှင့် အပြိုင်အဆိုင်ဖြစ်နေကြသော ဒင်းတို့နှစ်ယောက်အား သူကပဲ ကြောင်နှင့်ကြွက်ကာတွန်းလိုင်း ပြောင်းထားပေးလိုက်သည်။

' အဲ့တာပဲကြည့်ကြ။ မင်းတို့နှစ်ယောက်နဲ့ လိုက်တယ် ' ဟု ပြောချင်ပေမယ့် သူတို့ကနှစ်ယောက် ကိုယ်ကတစ်ယောက်တည်းရယ်... ။

အော် သူမပြန်သေးရင် ငါမပြန်ဘူးဆိုတဲ့ ကျင့်စဥ်ကိုကျင့်ကြံထားလေသလား!? ။

" မင်းတို့နှစ်ယောက် လုပ်စရာအလုပ်တွေမရှိတော့ဘူးလား? "

" ဘာဖြစ်လို့လဲ မင်ရဲ့ ''

" မသိလေ အခုထိမပြန်သေးကြဘူးဆိုတော့ ''

" သူမပြန်ရင် ကျုပ်လည်းမပြန်ဘူး ''

" မင် သူအရင်စလာတာနော် ''

" အေးလေ ဂျောင်ကုကလည်း ဘယ်လိုတွေဖြစ်နေတာလဲ ''

" ကျုပ်ဘာပြောလို့လဲ သူမပြန်သေးရင်ကျုပ်လည်းမပြန်သေးဘူးလို့ပြောတာလေ။ သူ့ကိုစော်ကားနေတာမှ မဟုတ်ဘဲ ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now