အပိုင်း ၁၄

9.7K 946 93
                                    


Unicode

စတိုခန်းထဲကနေ ဂျီမင်း အိပ်ချင်မူးတူးနှင့်ထွက်လာတာကြောင့် တံခါးကိုမမြင်ဘဲတိုက်မိ၏။

" အော် ... ဒီတံခါး ရှုပ်ရှုပ်ရှပ်ရှပ် လမ်းလယ်ခေါင်မှာ လာနေနေပါလား ''

သူတိုက်မိသည်ကို အပြစ်မဆိုဘဲ သက်မဲ့ဖြစ်သော တံခါးအား အပြစ်တင်နေသည်။

ဆရာ့နားနေခန်း သူ့စားပွဲနားအား ကုန်းရုန်းသွားကာ ဖုန်းနှင့်ပိုက်ဆံအိတ်ယူ၍ အိမ်သို့ပြန်လာခဲ့သည်။

" အို ဖုန်းတွေအများကြီးခေါ်ထားတာပဲ။ ဘယ်သူလဲမသိ? ''

အမည်မသိသော ဖုန်းနံပါတ်အား ကောက်ခေါ်၍ ဂျီမင်းခေါင်းခြောက်အောင် သုတ်နေလိုက်၏။

ခေါ်လိုက်သည်နှင့် ချက်ချင်းတန်းဝင်သွားသော ဖုန်းနှင့် '' ဟယ်လို '' ဟုပြောလာသော အမျိုးသမီးအသံ။

" ဟယ်လို ဖုန်းအများကြီးခေါ်ထားတာတွေ့လို့။ ဘယ်သူလဲမသိ? ''

" တို့ ဘတ်ယောင်းဂျယ်လေ ''

" ဘတ်ယောင်းဂျယ်? "

အချိန်အနည်းငယ်ပေးကာ သူစဥ်းစားနေရ၏။ ဘတ်ယောင်းဂျယ်? ဘတ်ယောင်းဂျယ်? ဘယ်သူလဲ သူမက? ။

" ဂျီမင်းနဲ့ လေးနှစ်တာတွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းလေ ''

ဟမ်?။

ဘတ်- ဘတ်ယောင်းဂျယ်! ။

တတီတီ! ကျသွားသောဖုန်းကို သူမတုန်မလှုပ် ဆက်ကိုင်ထားဆဲ... ။

ဘတ်ယောင်းဂျယ်! သူမ ပြန်လာပြီပေါ့။

ဘတ်ယောင်းဂျယ်မှာ သူ၏လေးနှစ်တာတွဲခဲ့ဖူးသော သူ၏ ရည်းစားဟောင်းတစ်ယောက်။

" မင် ... ယောင်းဂျယ်တို့ လမ်းခွဲရအောင် ''

ယောင်းဂျယ်က သူ့အား ကော်ဖီဆိုင်လည်းမဟုတ်ပါဘဲ ပန်းခြံတစ်နေရာတွင် ချိန်းရခြင်းက ထိုစကားပြောဖို့အတွက်တဲ့လား။

ဒီနေ့မှ သူ့ကြိုက်တဲ့ အဝါရောင်ဂါဝန်အရှည်ကို အဝါရောင်ဒေါက်ဖိနပ်ပုလေးနှင့် တွဲဖက်​ကာ ဆံပင်အမြင့်စီး၍ သူ့ဆီလျှောက်လှမ်းလာတဲ့ပုံရိပ်ကို ဂျီမင်းငေးကြည့်လို့မှမဆုံးသေး သူမ ထိုစကားပြောလာသည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now