အပိုင်း ၁၅

9.7K 1.3K 61
                                    


Unicode

ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသကာလ ဆရာသမားနှစ်ယောက် ဘေးချင်းကပ်ရပ် သွေးအေးနေကြသည်။ ထိုအကြောင်းကို ပြန်တွေးရင်း၊ ပြန်တွေးရင်း ဒေါသက,တလိပ်လိပ်ထွက်လာသည်မို့ ဂျီမင်းကပဲ ဂျောင်ကုကို စကားစလိုက်သည်။

" ဂျောင်ကု ... ''

" ခဏတုန်းက မတော်တဆလို့ပြောပြီးပြီပဲ။ မတော်တဆဖြစ်သွားတယ်ဆိုတာ ခင်ဗျားကို သုံးလေးချက်လောက်ဆွဲထိုးပြီး ပြောပြလိုက်ချင်တယ် ''

တမင်သက်သက်လုပ်လိုက်ပြီး အခုမှပြောင်ငြင်းနေသောဂျောင်ကုကို သူဆွဲထိုးချင်သည်က လက်တယားယား။

[ ကဲ အချိန်တွေကို နောက်ပြန်ရစ်လိုက်ရအောင်]

" ကိုကို! "

ကိုကို?!

" ကိုကိုကလည်း ကုကိုတောင် မစောင့်ဘူး။ ဘာလို့တစ်ယောက်တည်းထွက်လာတာလဲ။ ကိုကိုနော် အိမ်မှာကလေးတစ်​ယောက်လုံးရှိနေတာတောင် ဖောက်ပြန်ချင်နေသေးတယ်! "

မတ်တပ်ရပ်ပြီး ပြောနေသော ဂျောင်ကုကို မော့ကြည့်နေရတာက တစ်ကြောင်း၊ ဂျောင်ကုပြောသောစကားတို့ကို နားမလည်သည်က တစ်ကြောင်း ဂျီမင်း မရှိတဲ့သွေးတိုးပင် တက်ချင်သွားသည်။

" မင် သူက ... ? "

" ကု ကာမပိုင်ယောက်ျားကို မင်လို့မခေါ်နဲ့။ သူ့မှာ ကျုပ်ရှိပြီးသား ''

" ဂျောင်ကု! မင်းတိတ်တိတ်နေစမ်း! "

" ဟွင့်! ဟိုဟာမကြီး သူ့နားမကပ်အောင်လို့ ကျေကျေနပ်နပ်ကြီး သရုပ်ဆောင်ပေးရသေးတယ်။ စေတနာ , စေတနာနဲ့မတန်ဘူး! "

" ဟိုဟာမကြီးလို့ပြောရအောင် သူကမင်းထက် အများကြီး,ကြီးတယ်ကွ ''

" ဒီလောက်တောင် အသက်ကြီး၊ ရုပ်ရင့်နေရင်လည်း ဘိုးဘွားရိပ်သာသွားပါ့လား!။ ဘာလို့ ခင်ဗျားနား အရှက်မရှိလိုက်ကပ်နေတာလဲ အံ့ပါ့! ''

" ဒီကကျောင်းသား တို့ကိုစော်ကားတာ များနေပြီနော် ''

"  စော်ကားတော့ ဘာဖြစ်လဲ! .. ဆေးဆိုး ပန်းရိုက်မျက်နှာကြီးရဲ့! "

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now