အပိုင်း ၁၉

8.7K 1K 66
                                    


Unicode

တီးတောင်! တီးတောင်! တီးတောင်!

" မင် ခဏသွားဖွင့်ပေးပါလား ''

မင်းမပြောလည်း ငါဖွင့်ပေးမှာပါ!

မနက်စောစောစီးစီး ဒုက္ခလာပေးသော ယောင်းဂျယ်ကို သူဒေါသထွက်မိသည်။ ဘယ်နှယ့် သူ့မွေးရပ်မြေလေး သွားချင်လို့ဆိုပြီး ရူးမတတ် လာတောင်းဆိုနေသည်။ ဒူးထောက်မတတ်တောင်းဆိုနေတာကို ကိုယ်ကငြင်းလိုက်ရင်လည်း သွေးအေးရာကျဦးမယ်။

" ဘယ်သူလဲ? "

" ဂျောင်ကုပါ ဒန့် ဒန့် ''

လွယ်အိတ်အား ရှေ့လွယ်ကာ ပေါင်မုန့်ပါးစပ်ထဲတန်းလန်းနှင့် သူ့ရှေ့ရောက်နေပါသော ဂျောင်ကု။

" ဘာလာလုပ်တာလဲ? "

" သင်္ချာအတွဲသုံးက သီအိုရမ်လေးနားမလည်လို့ ''

သူ့မျက်နှာရှေ့ လက်သုံးချောင်းထောင်ပြကာ အရူးလိုမျက်နှာထားနှင့် နားမလည်ကြောင်း ပြောပြနေပါသော ဂျောင်ကုက တကယ့်အရူးကြီးနှင့်တူလှသည်။

"  ညနေမှရှင်းပြခိုင်းတော့ အခုသွားစရာရှိလို့ ''

" ဘယ်သွားမလို့လဲ? "

" ယောင်းဂျယ်က သူ့မွေးရပ်မြေဆီအလည်သွားချင်လို့တဲ့ ''

" စာမေးပွဲက ရှေ့ရက်ဟာကို သူနဲ့လိုက်လည်ချင်သေးတာလား! "

ငါလည်း ဘယ်လိုက်ချင်ပါ့မလဲ ဂျောင်ကုရဲ့!

" နေ့ချင်းပြန်ပါ ဂျောင်ကုရယ်~ ''

" မသိဘူး ကျုပ်ကိုစာရှင်းပြပေး ''

" မင်! သွားပြင်ဆင်တော့လေ ''

" အဲ့​မွေးရပ်မြေကို ကျုပ်လည်းလိုက်ခဲ့မယ် ''

" ​နင့်ကိုမခေါ်ဘူး ''

" မခေါ်လည်းလိုက်ခဲ့မယ် ခင်ဗျားကျုပ်ကိုတားနိုင်လို့လား အဖွားကြီး! "

" နင်! "

" ဘာလဲ ခင်ဗျားအရင် မခေါ်ဘူးလို့စလာတာလေ ဘာပြောချင်သေးလဲ ''

ကတ်ကတ်လန်ရန်တွေ့နေသော သူ့တပည့်ကျော်အား လွှတ်ထားလိုက်ကာ သွားဖို့ရန် ပြင်ဆင်နေသည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now