အပိုင်း ၈

11.1K 1.2K 35
                                    

Unicode
"စာမေးပွဲလည်း နီးပြီဆိုတော့ နားမလည်သေးတဲ့သင်ခန်းစာတွေ ဆရာ့ကိုလာရှင်းပြခိုင်းလို့ရတယ်နော်''

စာမေးပွဲနီးနေပြီဆိုတော့ ကျောင်းသားများ အပတ်တကုပ် ကြိုးစားကြသည်။

နေ့လည်ကျောင်းလွှတ်လည်း စာအုပ်တစ်ပိုက်ပိုက်နဲ့ စာမေးပွဲအတွက် ပြင်ဆင်ကြသည်။

"ဆရာသေးသေး!''

Jungkookတစ်ယောက် ဆရာသေးသေးကိုမြင်တာနဲ့ အနောက်ကပြေးလိုက်လာသည်။

"ဘာပြောဖို့လဲ?''

"ဆရာသေးသေးက ဘာလို့ ဆရာလုပ်တာလဲဟင်''

"ဝါသနာအရပေါ့။မင်းကဘာလို့မေးတာလဲ?''

"ဘာရယ်ကြောင့်မဟုတ်ပါဘူး။ဒီအတိုင်းမေးကြည့်တာ''

"ဆရာJimin~''

"စာရှင်းပြခိုင်းဖို့လား? လာ စာကြည့်တိုက် သွားကြမယ်''

ဆရာသေးသေးက အချိုးတွေပြောင်းသွားတာလား။

သူ့ကိုတောင် လျစ်လျူရှုပြီး တခြားကျောင်းသားနဲ့ ထွက်သွားသေး။

ဒီတစ်ခါတော့ စာကြည့်တိုက်သို့ မလိုက်သွားတော့ပါ။လိုက်သွားရင် ဘာတွေဖြစ်ပျက်သွားမလဲ မသိနိုင်၍ဖြစ်သည်။

မနေ့ကလို ဆရာ့ကို တရွတ်ထိုးလည်း
မခေါ်ချင်တော့ပါ။

ကျောင်းရဲ့လသာဆောင်သို့ သွားကာ ကောင်းကင်ကြီးကို တစ်ဝကြီးမော့ကြည့်မိသည်။

တိမ်ထူး၍ နေမင်း​ကြီးကိုတောင် ဖုံး၍နေသည်။

"ဟေ့ကောင်!''

အနားသို့ရောက်လာသော Taeminကို
မသိချင်ယောင်ဆောင်လိုက်သည်။

"Jungkook''

"ဟေ့ကောင်!ငါခေါ်နေတယ်လေ!''

"ဘာလုပ်ဖို့လဲ''

"ရော့ ဒါလေးသောက်ကြည့် မင်းစိတ်ညစ်တာတွေ ပပျောက်သွားစေရမယ်''

ကမ်းပေးလာသော အရာ၀တ္ထုသည် ဆေးလိပ်ဖြစ်သည်။

"ငါစိတ်ညစ်နေတယ်လို့ မင်းကိုပြောမိလို့လား''

"ဆရာJimin တခြားကျောင်းသားကို စာရှင်းပြလို့ မင်းစိတ်ညစ်နေတာ မဟုတ်ဘူးလား?"

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now