အပိုင်း ၁၆

9.2K 1K 89
                                    


Unicode

ဒီနေ့က စနေနေ့။

စနေနေ့ဖြစ်သည့်အလျောက် ဂျီမင်းအိပ်ရာထဲတွင် ကွေးလို့ကောင်းနေသည်။

တစ်ခါတစ်ခါ အိမ်မက်ထဲဒုက္ခလာပေးသော ယောင်းဂျယ်နှင့် ဂျောင်ကုကြောင့် တစ်ချက်တစ်ချက် သူလန့်လန့်နိုးရသည်။

ဂျီမင်း ကုလားသေကုလားမော အိပ်မောကျနေစဥ် တိုက်ခန်းအပြင်တွင်လည်း တတိယကမ္ဘာစစ် ဖြစ်ပွားနေသည်။

" ခင်ဗျား ဒီကိုဘာလာလုပ်တာလဲ?! ''

" အဲ့တာ ငါကမေးရမှာ။ နင်က ဒီကိုဘာလာလုပ်တာလဲ?! ''

ထိုသို့အချေအတင်ဖြစ်နေကြသောသူမှာ တခြားသူမဟုတ်။ ခင်ဗျားတို့သိကြတဲ့ ယောင်းဂျယ်နဲ့ ဂျောင်ကုဆိုသူပင်။

" ကျုပ်မေးတာကိုခင်ဗျားကဘာလို့ပြန်မေးနေတာလဲ။ ကျုပ်ပြောတာ ခင်ဗျားအခုဒီကိုဘာလာလုပ်တာလဲ?! "

" မိန်းကလေးဖြစ်ပြီး ယောက်ျားလေးတစ်ယောက်တည်းနေတဲ့ နေရာကို လက်ရဲဇက်ရဲလာစရာလား!။ အခုခေတ် အမျိုးသမီး​တွေများကြောက်ဖို့ကောင်းချက်! "

" ငါက မင်စားဖို့အတွက် မနက်စာလာပို့တာ ''

" သူကပြောလို့လား!။ သူကတောင်းဆိုလို့လား!။ သူကခင်ဗျားကိုမနက်စာလာပို့ပေးပါလို့ ပြောလို့လား! ''

" ပြောပြော၊ မပြောပြောလေ ငါ့ငါလာပို့တာ နင်နဲ့ဘာဆိုင်လဲ! ''

" ဆိုင်တာပေါ့ သိပ်ဆိုင်တာပေါ့ သူကကျုပ်လူ။ စဥ်းစားကြည့်​​ဗျာ ... ခင်ဗျားမှာလည်း အိမ်ထောင်ရှိရက်သားနဲ့ ဘာလို့ဆရာသေးသေးနား,လိုက်ကပ်နေတာလဲ။  ဘာလဲ ခင်ဗျားက နောက်မီးလင်းချင်နေတာလား ''

" နင်! "

မျက်နှာကြီးတစ်ခုလုံး,လငပုပ်ဖမ်းသွားကာ ထိုအမျိုးသမီးမှာ အရှိုက်တည့်တည့်ထိသွားသည့်ပုံ။

" နောက်မီးလင်းချင်ရင်လည်းဗျာ တခြားသူသွားနင်း။ ကျုပ်ဆရာသေးသေးကိုတော့ လာမထိနဲ့! ''

" မင်းတို့နှစ်ယောက် ဒီတစ်သက်ရန်ဖြစ်လို့ပြီးဦးမှာလား!? "

မနက်၈နာရီသာရှိသေးသော်လည်း တိုက်ခန်းအပြင်တွင် ဆူညံပူညံအသံတို့ကြောင့် ဂျီမင်းဘယ်လိုမှအိပ်မရတော့။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now