အပိုင်း ၂၇

9K 754 53
                                    

နေ့ကိုရက်စား ရက်ကိုလစား၍ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် ဂျောင်ကုဟာလည်း သူရည်မှန်းထား​သောပန်းတိုင်ကိုရောက်လို့နေပြီလေ။

" မင်္ဂလာပါဗျ ''

လာရောက်ကြသော Customer တိုင်းကို နွေးထွေးသောအပြုံးလေးနှင့်ကြိုဆို၏။ အစပိုင်းက လူတိုင်းနှင့်အဆင်မပြေပေမယ့် ငယ့် ရဲ့သင်ပြပေးမှုကြောင့် သူဟာလူတွေနဲ့ ပြောဆိုတတ်လာသည်။ ငယ့်ကြောင့်ပဲ အတွေးအခေါ်တွေရင့်ကျက်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းလာသည်။

ဒါမဲ့အခုထိမ​ပြောင်းလဲသေးတာက ငယ့်အပေါ်ထားတဲ့အချစ်တွေနဲ့ ငယ်ရဲ့ ခန္ဓာကိုယ်အချိုးအစား။

" မောင့်! ဘာတွေအတွေးများနေတာလဲ! ဧည့်သည်တွေစောင့်နေတယ်လေ "

လာပါပြီ သူ့ရဲ့ငယ်~ ။ နှစ်တွေကြာသွားပြီးနောက် သူသည် တက်တူးပညာရှင်ကြီးဖြစ်သွားလေပြီ။ ငယ့်ကိုကျောင်းဆရာအလုပ်မှထွက်ခိုင်းပြီး သူ့အနားမှာပဲနေခိုင်းစေသည်။ ဘာလို့လဲဆိုတော့ ငယ့်ကိုမျက်စိရှေ့ကနေအပျောက်မခံနိုင်လို့ပဲ။ ကျောင်းဆရာအလုပ်မှထွက်လိုက်ရတဲ့ ငယ်က သူ့ကိုအပြစ်မမြင်ဘဲ '' မောင်ကငါ့ကိုအဲ့လောက်ချစ်တာပဲလား '' တဲ့ ။ ဒါပေါ့ ငယ်မထင်ထားတဲ့လောက်အထိ မောင့်အချစ်ထုထည်က ကြီးမားလွန်းတာ ။

အဲ့တစ်နေ့ '' မောင်ရဲ့ဆိုင်တွဲရက်နဲ့ ကော်ဖီဆိုင်လေးဖွင့်ချင်တယ် ''ဆိုပြီး တောင်းဆိုလာတဲ့နေ့က သူစိတ်မကောင်းဖြစ်မိသည်။ သူ့အတ္တကြောင့် မောင့်ကိုတစ်ယောက်တည်းဖြစ်စေခဲ့ပြီ။ ဒါကြောင့်လည်း သူနဲ့တွဲရက်လေးမှာ ငယ့်ကိုကော်ဖီဆိုင်လေး​ ပေးဖွင့်ခဲ့သည်။ အစတုန်းက သူ့တစ်ယောက်တည်းရဲ့ဝင်ငွေက အခုငယ့်ရဲ့ဝင်ငွေ နှစ်ခုပေါင်းစုမိလာသည်။ ငယ်က ငွေထိန်းတဲ့ ငွေထိန်းဘဏ္ဍာကြီးပေါ့ ။

" အယ်~ ဂျောင်ကု! "

မောင်ကနေ ဂျောင်ကုပြောင်းသွားတဲ့ပုံထောက်ရင် သူအတော် အတွေးလွန်သွား၍ဖြစ်မည်။

" အားမရှိတော့ဘူး ငယ်ရဲ့။ မောင့်ကို အားဆေးလေးပေးပါဦးးး ''

ရတဲ့အခွင့်အရေးကိုအမိအရအသုံးချဖို့လုပ်နေတဲ့ ဂျောင်ကုကို '' ဒီကနေ ခွက်နဲ့ပစ်ပေါက်လာမှာနော် '' ဆိုတဲ့ ငယ့်ရဲ့အာဏာညောင်းမှုကြောင့် အသားယူချင်စိတ်က ဧည့်သည်တွေအတွက်၊ သူ့အတွက်ရယ်စရာဖြစ်ကာ အလုပ်ကိုသာ ဆက်လုပ်ရသည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now