အပိုင်း ၂

19.9K 1.7K 163
                                    

Unicode

နှုတ်ခမ်းနီ မဒီလေးတစ်ယောက်နဲ့အခန်းထဲမှာအချစ်ရည်လူးနေတဲ့အချိန်။

"ကိုယ်...ကောင်းလား...အ့''

"အင်း...ခါးကိုနည်းနည်းပင့်ဆောင့်-''

"Jungkook!!!ဘယ်ချိန်ရှိပြီလဲ ကျောင်းသွားရမယ် ထတော့!''

မာတာမိခင်ရဲ့နှိုးစက်သံလေးက နှိုးစက်တောင်မလိုဘဲ အချိန်မှန်အော်တိုနှိုးပေးသည်။

"အမေရာ...သားဒီမှာအိမ်မက်ကောင်းနေတဲ့ဟာကို''

အခုတော့ အိမ်မက်ထဲကနှုတ်ခမ်းနီမလေးလည်းမရှိတော့ဘူး။

"တကယ်ပါပဲ အားးးးးးးး!''

Jungkookအော်သံကြောင့် သစ်ပင်ပေါ်မှာနားနေတဲ့ ငှက်တွေလည်း အော်မြည်ပြီး ပျံသွားကြသည်။

ဒီနေ့ရဲ့မနက်ခင်းလေးကတော့ ထုံးစံအတိုင်း မာတာမိခင်ရဲ့ နှိုးစက်သံ Jungkookရဲ့ အော်သံနဲ့အတူ စတင်ခဲ့သည်။

စိတ်မကြည်စွာနဲ့ကျောင်းသွားဖို့ပြင်ဆင်ပြီးအောက်ထပ်သို့ ဆင်းလာတော့ အမေ့မျက်နှာကြီးနဲ့တည့်တည့်တိုးသည်။

"အမေရာ လန့်လိုက်တာ''

"Jumgkook နင့်မျက်နှာကဘာဖြစ်ထားတာလဲ''

"သား လျှောက်ကစားထားတာ''

"ဟဲ့ နင့်ဟာကလည်း ဟုတ်ရဲ့လား''

"ဟုတ်ပါတယ်ဆို အမေကလည်း စောစောစီးစီး လာစားနေတယ်''

ကတောက်!

"အမေ! နာတယ်ဗျ!''

"နာအောင်ပဲခေါက်တာ သွားမနက်စာသွားစား!''

"မစားတော့ဘူး''

ကတောက်!

"အား! အမေ နာပါတယ်ဆို...''

"နာပလေ့စေ ငယ်ထိပ်မပေါက်ခင်
မနက်စာ သွားစား!''

"မစားတော့ဘူးလို့...''

"ယောက်ကျား ရှင့်သားကိုရှင်ပြောအုံးလေ''

"ဟဲ့ ခွေးသား! မနက်စာလာစား"

"ကျွန်တော်က ခွေးသားဆို အ​ဖေက
ဘာကြီးဖြစ်သွားပြီလဲ နည်းနည်းပါးပါး
စဥ်းစားပြီးမှ ပြောပါ အဖေရယ်''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now