အပိုင်း ၂၂

8.8K 917 93
                                    


" ဆရာသေးသေး~ ရေဆော့တာကြာနေပြီလေ ''

လင်မယားနှစ်ယောက် ပြန်သွားပြီးကတည်းက တစ်ကိုယ်တည်း ရေဆော့နေတာ နေလုံးကြီးတောင် ပထဝီမြေကြီးအောက်ထဲတစ်ဝက်ဝင်နေလေပြီ။ ဒါတောင် ဆရာသေးသေးက ရေထဲကတက်လာမယ့်ပုံမပေါ်။

" ဆရာသေးသေး~ လာပါတော့ဆို~ ~ ''

" ခဏလေးပါပဲ ဂျောင်ကုရဲ့ ''

" ခဏ ခဏနဲ့ ပြောပေါင်းများနေပြီလေ ''

" မိနစ်အနည်းငယ်လောက်ပဲလေ နော်~ ''

မျက်စိပုတ်ခတ်ပုတ်ခတ်လုပ်ကာ ချစ်စရာကောင်းအောင်တောင်းဆိုနေသော သူ့ရဲ့ရည်းစားလောင်းကို လိုက်မလျောပေးလို့ရမလား။

" သုံးမိနစ်ပဲရမယ် ''

" သုံးမိနစ်? ခေါက်ဆွဲပြုတ်တောင် သားလောင်းကနေမတက်ဘူး။ နည်းနည်းတိုးပေးပါ နော်~ ''

" သုံးမိနစ်ကခေါက်ဆွဲပြုတ်လို့ဆူနေပြီ မရဘူး သုံးမိနစ်ပဲ ''

" ဂျောင်ကု~ ''

ရှေ့နှုတ်ခမ်းလေးရှေ့အန်လာကာ ခေါက်ဆွဲသားလောင်းကနေ အဲလေ မိနစ်အနည်းငယ်ရဖို့ အသေအလဲတောင်းဆိုနေပါသော ဆရာသေးသေးက ချစ်စရာအတိ။

" ဒါဆို နှစ်မိနစ် ''

" နှစ်မိနစ်က နည်းသွားတယ်လေ .. အဲ့အချိန်ပိစိလေးက ခေါက်ဆွဲပြုတ် ဥထဲက​နေ ထွက်လာသေးမှာမဟုတ်ဘူး ''

ခေါက်ဆွဲပြုတ်က ဥကနေ ပေါက်တာလား? ။ မဟုတ်သေးပါဘူး .. ခေါက်ဆွဲပြုတ်က ဥကနေပေါက်စရာလား! ။

" နှစ်မိနစ်မလိုချင်ရင် တစ်မိနစ် ''

" ဟာ! ဂျောင်ကု!~ ''

နှုတ်ခမ်းရှေ့အန်တာထက်ပိုဆိုးသွားကာ ရေထဲဗွမ်းခနဲ ထိုင်ချ၍ ခြေယက်ကန်ယက်ကန်နှင့် ဂျီကျနေသည်။

ဒီကလေးဆိုးကြီးကို ဘယ်လိုလုပ်ရပါ့ ။

" တစ်မိနစ်တောင်မလိုချင်လည်းရတယ်။ အခုတက်လာခဲ့တော့ ''

" ဘာတစ်မိနစ်တောင်လဲ! တစ်မိနစ်တည်းဟာကို စကားလည်းပြောမတတ်ဘဲနဲ့ ''

ကြည့်ဦး ကြည့်ဦး ခဏက သေမတတ်တောင်းဆိုနေသော သူမဟုတ်တဲ့အတိုင်းပဲ။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now