အပိုင်း ၂၅

8.6K 807 51
                                    


ယောင်းဂျယ်က သူ့ရှေ့တွင်ပဲ ပစ်လဲထိုင်ကျသွားသည်။ ဒါဆို သူ့ကိုဖက်ထားတာ ဂျောင်ကုလား ။ ဂျောင်ကုပေါ့ ။

" ခင်ဗျားကိုဆုံးရှုံးရပြီထင်နေတာ ''

နားထဲတိုးကပ်ရေရွတ်လာသော ဂျောင်ကုရဲ့အသံက တုန်ယင်နေသယောင်။

အဲ့ဒါဆို သူမင်ကို ဆုံးရှုံးလိုက်ရပြီပေါ့ ။

သူက ဗိလိန်အ​နေနဲ့မဟုတ်ဘဲ မင့်ရဲ့အချစ်ရဆုံး ဂျောင်ကုနေရာမှာဆိုရင် မင်းတို့တွေငါ့ခံစားချက်ကိုနားလည်ပေးလေမလား။

ရင်ထဲမွန်းကြပ်စွာ ထိုနေရာမှ တရွေ့ရွေ့ထွက်ခွာသွားလေသည်။ သူ့ရင်ထဲက ဒဏ်ရာတွေကို သူကလွဲရင် မည်သူကမျှ မမြင်နိုင်၊ ကိုယ်ချင်းမစာပေးနိုင်ပါဘူး ။
နာကျင်ကြေကွဲသွားရသော ယောင်းဂျယ်ကို မည်သူကမှ နှစ်သိမ့်မပေးနိုင်ဘဲ အချစ်မိုးများရွာသွန်းနေကြသည်။

ဒီလိုပြစ်ဒဏ်က သူ့ရဲ့ အိမ်ထောင်သည်ဖြစ်လျက်နဲ့ တခြားသူအပေါ် ပိုင်ဆိုင်ချင်စိတ်ကြောင့် ဘုရားက ဒဏ်ခတ်တာဖြစ်ပါမည်။ နောက်ဆုံးတော့လည်း သူ မင်ကို မပိုင်ဆိုင်ခဲ့ဘူးပဲ ။

" နောက်ဆုံး ဖူးစာကဖူးစာပါပဲလား ''

" အဟမ်း! ဟျောင်းတို့ဘယ်လိုလည်လဲဆိုတာ ကျွန်တော်သိတယ်နော် ''

သူတို့ရဲ့ ကစားပွဲတရားမဝင်မှုကို ဂျီမင်းကအစဖော်တော့မည့်အတွက်ကြောင့် စုံတွဲနှစ်တွဲစလုံး ပြုံးစိစိဖြစ်နေကြသည်။

" ကဲ ခြေလက်ဆေးပြီး အိပ်ရာဝင်ကြတော့နော် ဟျောင်းတို့လည်း အိပ်ပြီ ''

အရင်ထနှင့်သွားကြသော အိမ်ရှင်လင်မယားနှစ်ယောက်ကြောင့် စုစုပေါင်း ကျန်သူ ဧည့်သည်စုံတွဲနှစ်တွဲသာ။

" ထယ်နဲ့ယွန်ဂီဟျောင်း ကျွန်တော်တို့နဲ့လာအိပ်ပါလား ''

" ဂျောင်ကုက ပေးအိပ်ပါ့မလား ဆရာဂျီမင်းရယ်~ ။ ကျွန်တော်တို့လာအိပ်ရင် သူ့အတွက် အနှောင့်အယှက်ဖြစ်ပါလိမ့်မယ်။ ငါတို့မအိပ်တော့ဘူး ဟျောင့်ရေ မင်း ဆရာဂျီမင်းကို အားကြီးနဲ့ မလုပ်နဲ့ ''

" ဟျောင့်! ဘာတွေလျှောက်ပြောနေလဲ ''

အရွယ်ရောက်ပြီးသား ဂျီမင်းက ထယ်ဘာကိုဆိုလို၍၊ ဘာကိုပြောချင်တာလဲဆိုတာ ပုံရိပ်ပြ အရိပ်ထင်သလို ကွက်ကွက်ကွင်းကွင်း သိမြင်သည်။

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now