အပိုင်း ၁၃

10.2K 948 66
                                    


Unicode

အချိန်အတော်ကြာ ငိုနေသော ဆရာသေးသေးကို ကြိမ်လုံးနှင့် ဆတ်ဆတ်ကလေးရိုက်၍ တိတ်တော့ရန် ကြိမ်းလိုက်ချင်သည်။

" မတိတ်တော့ဘူးလား ဆရာသေးသေးရယ် ... ''

" ငါ .. ငါလေ ပြောင်းရွှေ့မိန့်တင်ထားတယ်။ တကယ်လို့ ငါရာထူးတက်ရင် မင်းရှိတဲ့ ဒီတက္ကသိုလ်မှာလည်း ငါမနေဘူး။ အဲ့ဒါကြောင့်မို့ အခု ငါရှိနေတဲ့အချိန်တိုလေးမှာ မင်းငါ့ကိုကောင်းကောင်းဆက်ဆံပါ့လား! ''

" နောက်နှစ်ကျရင် မင်းငါ့ကိုတွေ့ရတော့မှာမဟုတ်ဘူး။ မင်းငါ့ကိုလိုက်ရှာနေမှာစိုးလို့ ငါ​ကြိုပြောပြတာ။ မင်းငါ့ကို နောက်ဆိုရင် ရှောင်နေဖို့မလိုတော့ဘူး အီးဟီး... ''

ပြောလည်းပြော၊ ငိုလည်းငိုနေသော ဆရာသေးသေးရဲ့ စကားတွေကို သူဘယ်လိုယုံရပါ့။

" တကယ်ထွက်သွားမှာလား? "

" ငါ့ရုပ်က နောက်တဲ့ပုံပေါက်နေလို့လား အကောင်စုတ်ရဲ့! "

"ဘယ်သူက ထွက်သွားခိုင်းလို့လဲ ''

" မင်းပဲထွက်သွားခိုင်းတာလေ။ မင်းငါ့ကို မင်းနားကနေ တိတ်တိတ်လေး ထွက်သွားခိုင်းတာလေ အီးဟီး... ''

" ကျုပ်ထွက်သွားခိုင်းတိုင်း သွားစရာလား။ ကျုပ်ချီးစားခိုင်းရင် ခင်ဗျားစားမှာလား ပြော ''

" ဂျောင်ကုက ငါ့ကို ချီးစားခိုင်းဖို့လား ''

မျက်လုံးလေး ကလယ်ကလယ်နှင့်မေးနေသော ဆရာသေးသေးကို သူဇက်ပိုးအုပ်ပစ်လိုက်ချင်သည်။

" စားခိုင်းမှာ သွားစား သွား ''

" ဂျောင်ကုက ငါ့ကိုချီးစားခိုင်းတယ်။ ပြီးတော့ တားလည်းမတားဘူး အီးဟီး... ''

ပြောလည်းပြော သူ့ဘေးချထားသော အပေါ်ကုပ်အင်္ကျီထဲ နှပ်တွေရော၊ မျက်ရည်တွေပါ သုတ်ထည့်လိုက်သည်။

" ခင်ဗျားဟာလေ တကယ့်ကိုပဲ ''

" တကယ်လို့ မင်းငါ့ကို တားရင် ငါထွက်မသွားတော့ဘူး။ ပြောင်းရွှေ့ခွင့် တင်ထားတာကိုလည်း ပြန်ရုတ်သိမ်းလိုက်မယ် ''

𝗕𝗮𝗱 𝗕𝗼𝘆'𝘀 𝗧𝗲𝗮𝗰𝗵𝗲𝗿 (Complete) Where stories live. Discover now