အပိုင်း-၄

370 76 1
                                    

[ [UNICODE]]

မှတ်မိလား နေပူရာက
ဗြုန်းဆို မိုးတွေ သည်းကြီးမည်းကြီး ရွာချတာလေ။
▫️

ဘဝဟာ ဆေးဆိုးပန်းရိုက်ပိတ်သားတစ်စတဲ့*။ ကိုယ်တိုင် ရွေးချယ်ခဲ့ရသည့် ဆေးရောင်များရော ဟုတ်ပါရဲ့လား။ ဂျူဟျွန်းကတော့ ထိုသို့မေးချင်သည်။ ဘဝမှာ နေမပျော်သော်လည်း နေခဲ့ရသည်။ ပျို့တက်လာခဲ့သော ဆေးလိပ်ငွေ့တ်ို့ကို မျိုချခဲ့ရသည်။ တော်ပြီ၊မတွေးလို။ တစ်ကိုယ်တည်း ကားမောင်းနေစဉ် ထိုသို့သော အတွေးများဝင်လာခြင်းက ဘယ်လိုကောင်းကွက်များ ရှိမှာမို့လို့လဲ။ ယယ်ရင်းလေး ငယ်သေးသည်မလား။

"ကျူးလစ်တွေကလှတယ်နော်
ရှင်က ပိုလှတယ်"

ဘယ်နှယ့်ကြောင့် ထိုစကားသံတို့ကို အတိုင်းသား ပြန်ကြားရသနည်း။ ကားကို ချက်ချင်း ရပ်ပစ်ရသည်။ နောက်တော့ ဆစ်ကရက်ဖွာသည်။ ဖွာရသည်။ အဲသည်လို စကားများကို ဂျူဟျွန်း ကြားဖူးပါရဲ့။ ဝဋ်လည်တာဟာ ဒါမျိုးနေမည်ဟု တွေးရင်း အမြဲတစေ သည်းခံရသည်။ အခုတော့ ဂျူဟျွန်းဟာ ထွေပြားသူလို့ ဆိုကြပါစေတော့။ ဆစ်ကရက်ဖွာလျက်ပင် ကားကို ပြန်လှည့်မိပြန်သည်။ မယ်တော်မာရီကို မြတ်နိုးသော်လည်း ဆာတန်နှင့် စစ်ပြိုင်ခင်းတော့ ရှုံးရရှာသည်။

***

အချိန်သည် ကုန်ခဲလှ၏။ ကြင်သူအနီးရှိနေပါက နာရီတို့သည် စက္ကန့်ပိုင်းမျှသာ ကြာသည် ထင်ရမည် ဖြစ်သော်လည်း အခုတော့ဖြင့် အချိန်သည် ကုန်ခဲလှ၏။ ဒီ ကာဖီဆိုင်(အတိအကျ ပြောရလျှင် ပန်းဆိုင်ဘေးကပ်လျက်ရှိ ကာဖီဆိုင်)သို့ ဆူးလ်ဂီ ရောက်နှင့်တာ ၁၀နာရီကတည်းက ဖြစ်သည်။ သူလည်း ဒီကိုပင် လာလိမ့်မည်။  ထိုသို့ပင် ခံစားရသည်။ ကံကြမ္မာကို ယုံစားသည်လော၊ ထို မျက်ဝန်းများကို နားလည်သည်လော။ မသိ။ ဆူးလ်ဂီ မသိ။

၁၁နာရီကျော်စပြုပြီ။ ဆူးလ်ဂီသည် တစ်ပါတည်း ယူလာခဲ့သည့် စာအုပ်ကိုသာ စိတ်မပါလက်မပါ ဖတ်နေမိသည်။ ကဲ၊တွေ့ပါပြီ။ သူ ရောက်လာမှာလို့ ဆူးလ်ဂီ မပြောခဲ့ပေဘူးလား။ ဝင်လာပုံက ရော်ရွက်တွေ ကြွေလာသလိုပဲ**။  နွေဦးရဲ့ ဆက္ကဆိုဖုန်းသံလိုပဲ။ သူပြုံးပြလိုက်သည် ထင်သည်။ သိမ်မွေ့မှုဟာ လူကို ကစဉ့်ကလျားဖြစ်စေနိုင်လိမ့်မည်လို့ ဘယ်သူက ထင်ခဲ့လိမ့်မလဲ။

Burning Tulips Où les histoires vivent. Découvrez maintenant