အပိုင်း-၉

324 45 0
                                    

[[UNICODE]]

ဒါပေမဲ့ ဖြစ်နိုင်တာက တို့နှစ်ဦးစလုံး
စိတ်ဒုက္ခများ မုချခံကြရတော့မယ်။*
▫️

အတိတ်ကာလအကြောင်း အထူးတလည်တွေးတောရခြင်းမျိုးကို ဂျူဟျွန်းမနှစ်သက်ပါ။ စိတ်အလွန်မောရသည်ဟုပင် ထင်မိသေးသည်။ လွန်လေခဲ့ပြီးသော ငြီးငွေ့ဖွယ် နှစ်များပဲ။ အခုထိ လတ်ဆတ်နေသေးသော အမှတ်တရ ဘာများရှိနိုင်မည်လဲ။

"တို့အကြောင်းက ဘာမှ စိတ်ဝင်စားစရာရှိမယ်မထင်ပါဘူး"

ဂျူဟျွန်း ဟန်လုပ်ပြုံးဝေရင်း ထိုစကားကိုဆိုမိတော့ နှုတ်ခမ်းတို့ တုန်ယင်နေသည်ကို ဆူးလ်ဂီ သတိထားမိကောင်း ထားမိလိမ့်မည်။ သူဟာ ဂျူဟျွန်းရဲ့ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်သည်။ ဒီအခိုက်အတန့်က ဘယ်လောက် နေပျော်စရာကောင်းလိုက်သလဲ။ ဆူးလ်ဂီရဲ့ ရင်ခွင်ကျယ်က ဘယ်လောက်တောင် ခိုဝင်တွယ်ငြိစရာကောင်းလိုက်သလဲ။

"ကျစ်လစ်သိပ်သည်းတဲ့ဘဝပဲလား သိပ်တော့မသိပါဘူးလေ
ဒီလို အသက်ရှင်လာခဲ့တာပဲ"

ဂျူဟျွန်း ဘာမျှတောင် ရေရေရာရာ မဆိုရသေးခင် အာခေါင်တွေခြောက်လာပြီး ဆစ်ကရက်ဖွာချင်လာသည်။ ဒါကို သူ့လှုပ်ရှားမှု အလုံးစုံကို ငေးမောနေတတ်သည့် ဆူးလ်ဂီလည်းသိပါသည်။ နောက်တော့ သူ့လက်ချောင်းသွယ်တွေဖြင့် ဂျူဟျွန်း၏ကျောပြင်ကို အသာအယာ ထွေးပွေ့လိုက်သည်။ အနမ်းတွေကို ဖလှယ်မိခဲ့ရင်တော့ဖြင့် ကျူးလစ်ဝါတွေပွင့်လာလိမ့်ဦးမည်ထင်။

"အဆင်ပြေပါတယ်~
စိတ်ပင်ပန်းခံစရာမလိုပါဘူး ဂျူဟျွန်းရဲ့"

ဂျူဟျွန်းရဲ့ စိတ်နှစ်ခွခံစားမှုများကို ဆူးလ်ဂီ ညင်သာစွာ ချော့သိပ်လိုက်တာပါပဲ။ ဆူးလ်ဂီကို ဂျူဟျွန်း မော့ကြည့်မိတဲ့အခါ ပူပန်မှု စွက်သော မျက်လုံးတို့နှင့် ဆုံသည်။ သူ့မျက်ခုံးအောက်က မှဲ့ကလေးက သိပ်လှတာပဲ။

"ခြံထဲလမ်းလျှောက်ဆင်းရအောင်လည်း သိပ်ပူသေးတယ်
အပြင်ထွက်ပြီး ဆန်းဒေးရေခဲမုန့် စားကြမလား
ဆူးလ်ဂီကိုလည်း ပြန်လိုက်ပို့ပေးမှာပေါ့"

Burning Tulips Where stories live. Discover now