အပိုင်း-၁၃

254 53 10
                                    

[[UNICODE]]

စစ်ပွဲတွေက အနိဋ္ဌာရုံပဲလေ။
ဘယ်သူသေသေ
အကျည်းတန်တာချည်းပဲ။
▫️

ပျင်းတိပျင်းတွဲ တဖွဲဖွဲကျနေသည့် မိုးနှင့်လိုက်ဖက်စွာ ငြီးငွေ့မှုက အခန်းထောင့်က ပင့်ကူလို တွဲလွဲခိုလို့နေသည်။ ဒီနေရာမှာ ကြီးကျယ်သည့် ဗလာဖြစ်မှုက လွဲလို့ မရှိတော့ဘူးလား။ ချစ်ကျွမ်းဝင်နေသူရဲ့ မြင်ကွင်းကတော့ အမြဲလှနေတာပဲ။ ဒါတောင် ဒီ အိမ်တော်က အသက်ဝင်မလာတာ ဆူးလ်ဂီ အံ့ဩမိသည်။

ဆွန်းဝမ်သာ ဂျူဟျွန်း၏ ဇနီးမယားမဟုတ်ခဲ့ပါက သိပ်ခင်မင်စရာကောင်းသည့်လူဟု မြင်မိမည်ထင်။ ဆူးလ်ဂီကို ဧည့်ခန်းထဲမှ စောင့်နှင့်သည်။ ဝင်လာကတည်းက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လို့ လောကဝတ်စကား ဆိုသည်။

"အခုလေးတင်ပဲ ကားအခေါ်လွှတ်ပေးဖို့ပြောနေတာ~
မိုးရွာတော့ သွားရလာရ စနိုးစနောင့်ဖြစ်သွားမှာပဲ~
တောင်းပန်ပါတယ်နော်"

ကပွဲတွင် တွေ့ခဲ့ရသည့် ဆွန်းဝမ်ကတော့ ဒီထက် ပိုပြီး မာကြောကြွတ်ဆတ်သည်ထင်ရဲ့။ ထိုညက ရုတ်ချည်းပေါ်လာသော ဒေါသရိပ်တစွန်းတစကို ဖမ်းမိခဲ့သေးသည်။ အခုတော့ဖြင့် မျက်လုံးတွေထဲမှာ မကျေနပ်ဟန် အမှုန်အမွှားမျှတောင် မမြင်ရဘူး။

"မဟုတ်တာ~ ကျွန်မအဆင်ပြေတယ်ရယ်~ မစ္စဆွန်းဝမ်"

"မစ္စဝမ်~ ဒါမှမဟုတ်~ ဝမ်လို့ပဲခေါ်လည်း အဆင်ပြေပါတယ်
ကဲ~ ထမင်းစားခန်းထဲ သွားရအောင်လေ"

ဆူးလ်ဂီယူလာခဲ့သည့် ပန်းစည်းကို ဝမ်က မမြင်ဟန်ဆောင်သွားသည်။ ဂျူးဟျွန်းလက်ထဲ ထည့်ပေးလိုက်တော့ "ကျေးဇူးနော်"ဟု ဆိုကာ ကျူးလစ်ဝါတွေကို တချက်နမ်းရှိုက်လိုက်သေးသည်။ ဆူးလ်ဂီ မျက်နှာပူရမည်လော၊ ဂုဏ်ယူရမည်လော မခွဲတတ်။

ထမင်းစားခန်းအပြင်အဆင်က ဆူးလ်ဂီ ဟိုတနေ့က ရောက်ခဲ့တုန်းကအတိုင်းပဲ။ အဲသည်နေ့က လူ ရှစ်ယောက်စာလောက် ဆံ့သည့် စားပွဲတွင် ဂျူဟျွန်းက ထိပ်မှာ ထိုင်ပြီး ဆူးလ်ဂီက သူ့နားကပ်လျက် လက်ယာဘက်ခုံတွင်ထိုင်ခဲ့သည်။  ထွေထူးပြောင်းလဲသွားတာဆိုလို့ ထိုခုံနှင့် မျက်နှာချင်းဆိုင်တွင် နောက်တခုံချထားခြင်းပင်။

Burning Tulips Where stories live. Discover now