အပိုင်း-၁၁

221 57 10
                                    

[[UNICODE]]

မင့်ရင်ခွင်မှာခွေအိပ်ရင်း ငါ့အတိတ်ထဲ ငါပြန်နေမိတယ်။
မင်းရဲ့ချစ်စဖွယ်ကိုယ်၊ မင်းရဲ့နူးညံ့တဲ့နှလုံးသားမှာမဟုတ်ရင် ဘယ်မှာများ
မင်းရဲ့ပန်းလျလျအလှများကို ဖွေရှာနေလို့ အကျိုးထူးမှာလဲ။
▫️

အရောင်စုံသော နှစ်ကာလများသို့ ဝင်ရောက်လာခဲ့ခြင်းမှာ ဆူးလ်ဂီ သာယာမိတာတော့ အမှန်ပင်။  "တို့နှစ်ယောက်ဟာ ဆင်တူ လိပ်ပြာလေးနှစ်ကောင်လိုပဲ"ဟုပင် တွေးလိုက်သေးသည်။ ဆူးလ်ဂီ ချစ်စကားများ ဆိုတိုင်း ဂျူဟျွန်းက သူ့ရင်ခွင်ထဲမှီတွယ်လာတတ်သည်။ "ချစ်တယ်" လို့တော့ တခါမှ မပြောပါဘူး။ အဲသည့်အစား "သူက ချစ်စရာ သိပ်ကောင်းတာပဲ" ဟု ဆိုလေ့ရှိသည်။ ကိစ္စတော့မရှိ။

ဂျူဟျွန်းက သူ့နှုတ်ခမ်းနီရာကို ဆူးလ်ဂီရဲ့လည်ပင်းပေါ်  အမှတ်အသားရိုက်နှိပ်ခဲ့သည့် ကိစ္စဟာ အိပ်မက်ဆန်ဆန်ပဲ ဖြစ်ပျက်ခဲ့သည်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ ဆူးလ်ဂီ သိပ်ရူးမိတော့တာပဲ။ ဆူးလ်ဂီနှင့် ဂျူဟျွန်းက အရင်လိုပဲ ဆိုးလ်မြို့ရဲ့ လမ်းတွေထက်မှာ လက်ချင်းတွဲလို့ လျှောက်ကြတုန်းပဲ။ သူတို့နှစ်ယောက်ကြား လိင်မှုကိစ္စတိုးလာတာကလွဲလို့ အရာအားလုံးက အရင်လိုပဲ။ အရင်လိုတော့ မဖြစ်သင့်တော့ပါဘူးဟုလည်း တွေးမိသေးသည်။

အခုတော့ဖြင့် ဂျူဟျွန်းဟာ ဆူးလ်ဂီရဲ့ စတူဒီယိုခန်းထဲက ဆိုဖာခုံပေါ်မှာ လျော့တိလျော့ရဲ ထိုင်နေသည်။ စတူဒီယိုခန်းဟု ဆိုရသော်လည်း သိပ်ကြီးကျယ်သည်တော့မဟုတ်။ ဆူးလ်ဂီရဲ့ အိမ်ခန်းလေးထဲမှာပဲ ဖြစ်သလို လုပ်ထားရသည့် အခန်းကျဉ်းလေး။ ဆေးနံ့တွေကတော့ ပြင်းလှသည်။

"တို့ ခုလို ထိုင်မပေးလည်း သူ ပုံဆွဲလို့ ရသားပဲကို"

ဂျူဟျွန်းက မျက်ခုံးတို့တွန့်ချိုးကာ ထိုသို့ ငြူငြူစူစူပြောလာသော်လည်း ဆူးလ်ဂီ ပြုံးသာနေမိသည်။

"တို့ ပျင်းလှပြီ ဆူးလ်ဂီရဲ့"

ဒီလောက် ကချီကချောင်ကျတတ်သည့် ဟန်ပြပေးသူကိုတော့ဖြင့် တစ်ခါမှကို မမြင်ဖူးပါဘူး။

Burning Tulips Where stories live. Discover now