Part. 1

12.1K 836 7
                                    

(Uni)

Mနိုင်ငံYမြို့တော်

Yမြို့တော်ဟာMနိုင်ငံရဲ့အကြီးဆုံးမြို့တော်
ဖြစ်ပြီးစီးပွားရေးလောကတွင်လွှမ်းမိုးနိုင်သူတို့သာအများဆုံးနေထိုင်ကြသည်။
သင်ဟာတစ်ခြားမြို့မှာချမ်းသာကောင်းချမ်းသာနိုင်ပေမဲ့Yမြို့တော်မှာတော့
ခပ်ကုပ်ကုပ်လေးနေတာကအကောင်းဆုံးပင်။
မဟုတ်ရင်မျက်စိရှုပ်သည့်ပုဒ်မဖြင့်
ထောင်ထဲသို့မည်ကဲ့သို့ရောက်မှန်းမသိဖြစ်သွားနိုင်သည်။
ညအချိန်တွင်နေမပူမိုးမရွာရာသီဉတုကြောင့်
မြို့အတွင်းရှုပ်ရှက်ခပ်နေရာလျှပ်စစ်မီးရောင်တို့နှင့်ဖုံးလွှမ်းနေသောမြို့တော်ကြီးမှာဆူညံသံတို့နှင့်သက်ဝင်လှုပ်ရှားလျက်...

"ဟက်...ဆူလိုက်တာ"
ငွေဖြူရောင်ဆံနွယ်လေးများဖြင့်ထိုကေင်လေးကမဲ့ပြုံးပြုံးရင်းဆိုသည်။ငယ်ရွယ်နုပျိုလျှက်ရှိသောမျက်နှာနုနုတွင်မျက်ရည်စက်တို့တွဲခိုလျက်ရှိ၏10ထပ်တိုက်ခေါင်မိုးထပ်အစွန်းတွင်သူတစ်ယောက်မှလွဲ၍မရှိ။

"အန်ကယ် ၊အန်တီကျွန်တော့်ရဲ့အမှားတွေကို
နောင်ဘဝကျ ရင်သေချာပြန်ဆက်ပါ့မယ်"

ထို့နောက်လစ်ဟာသွားသောခံစားချက်
နှင့်အတူစိတ်အစဉ်တို့ကားမှောင်မိုက်သွား၏

***********
*********

နွေးထွေးလှသောနေရောင်ခြည်အောက်တွင်ကျေးငှက်ကလေးများတေးသီနေကြသည်။
သစ်ပင်ပန်းပင်များနှင့်အုပ်ဆိုင်းနေကာ
အလုပ်သမားများစွာတို့နှင့်သက်ဝင်လှုပ်ရှားနေသော3ထပ်တိုက်ကြီးများကားYမြို့တော်
၏လူကုံထံရပ်ကွက်တွင်ကျယ်ဝန်းသောခြံဝင်းများနှင့်ဝေးကွာစွာတည်ရှိ​ြကသည်။

ထိုရပ်ကွက်ရှိအိမ်တစ်အိမ်တွင်..

မျက်ဝန်းထဲသို့တိုးဝင်လာသောအလင်းတစ်ချို့ကြောင့်ပိုင်စိုးဆက်စိတ်ပျက်စွာရေရွတ်မိသည်။
"ကျစ်...မသေသေးဘူးလားကွာ"
သို့သော်မိမိကိုစိုက်ကြည့်နေသောကောင်လေးတစ်ယောက်ကြောင့်မျက်ဝန်းအစုံတို့ပြူးကျယ်သွားရ၏

*မဖြစ်နိုင်တာ..အာဏာကဘာလို့ဒီလောက်ငယ်နေတာလဲ*
အတွေးတို့ကပို၍ပင်ရှုပ်ထွေးသွားရသည်။
သူသေကြောင်းကြံစည်စဉ်ကအသက်၃၀
အာဏာက၂၉ပင်ရှိပြီ။ဒါဆို.....
အတွေးတစ်ချို့ကြောင့်မျက်ဝန်းတို့
လက်ကနဲဖြစ်သွား၏မဖြစ်နိုင်ပါဟုအရင်က
ငြင်းခဲ့သော်လည်းအခုအခြေအနေမှာ
ပြန်လည်မွေးဖွားခြင်းမှလွဲ၍မဖြစ်နိုင်ချေ။

Rebirth for (BL) (completed) Where stories live. Discover now