Part (13)

5K 564 18
                                    


(Uni)

ပွဲကနေပြန်လာတော့လူကနုံးနေတာမို့ရေချိုးလိုက်ရသည်။တိမ်ယံကလည်းအလုပ်ရှိလို့ပြန်မလာသလိုkoichiကလည်းအပြင်မှာအိပ်မယ်ဆိုပြီးထွက်သွားပြန်သည်.....

ပွဲမှာပြောလိုက်တဲ့စကားကြီးကတော်တော်လေးကိုကသိကအောက်နိုင်တာမို့အာဏာနဲ့မျက်နှာချင်းမဆိုင်ရဲသေး.......
ဒီလောက်ဆိုအာဏာဘာပြောနေမှန်းရိပ်မိတာမို့တော်တော်လေးကိုအတွေးများရသည်......

အာဏာကတကယ်ကြီးငါ့ကိုကြိုက်နေတာလား.....
မဟုတ်လောက်ပါဘူး......
ဒါပေမယ့်သူ့စကားတွေက......အား..ရှုတ်တယ်မတွေးတော့ဘူး.....

စောင်ကိုခေါင်းအထိခြုံလိုက်ပြီးအိပ်ရာပေါ်လဲချလိုက်သည်.....

ခဏအကြာ....

'ချောက်...'

အာဏာတံခါးဖွင့်လိုက်တော့ကိုကိုကအိပ်ပျော်နေချေပြီ......
တတ်လည်းတတ်နိုင်တဲ့ကိုကိုပါပင်.....
သူကတော့အတွေးများပြီးအိပ်မပျော်မှာတောင်စိုးရိမ်မိသွားသည်မှာအပိုပင်ဖြစ်နေပြီ.....

စောင်ကိုအသာလှပ်ပြီးနဖူးနှင့်နှင်းဆီရေညင်နှုတ်ခမ်းလေးကိုအကြိမ်ရေတစ်ချို့နမ်းပြီးကိုယ်လုံးလေးကိုဖက်ကာအိပ်စက်လိုက်သည်........

**************

မနက်ရောက်တော့ဆက်အရင်နိုးလာပြီးသူ့ဘေးနားကအာဏာကိုကြည့်နေမိသည်......

#အင်း...အာဏာကတော်တော်ချောတာဘဲ....#

ခေါင်းထဲပထမဆုံးရောက်လာတဲ့အတွေး......
စာလည်းတော်တယ်.....အလုပ်လုပ်တာလည်းတော်တယ်.......
ပေါက်ကရအတွေးများကြောင့်....

#ချီး....ဘာတွေတွေးနေတာလဲ....ငါလဲတော်တာဘဲလေ......#

ထို့နောက်အိပ်ရာပေါ်မှထကာခေါင်းတညိမ့်ညိမ့်နှင့်ရေချိုးခန်းထဲဝင်သွားလိုက်သည်......

(ဟုတ်ကဲ့.....ကျွန်မတို့MCဟာသူ့လင်သူချီးကျူးပြီးသူ့ဘက်သူပြန်ယက်သွားပါတယ်.....)

အာဏာမှာတော့ရေချို့ခန်းထဲဝင်သွားတဲ့
ကိုကို့ကိုကြည့်ပြီးအူယားနေလေပြီ.....
ပထမတော့ဘာလုပ်မလဲသိချင်တာကြောင့်အသာမှိန်းနေလိုက်ခြင်း....
ကိုကိုကတော့သူ့ကိုဟိုငေးသည်ငေးလုပ်ပြီးခေါင်းလေးတညိမ့်ညိမ့်နှင့်သာရေချိုးခန်းထဲဝင်သွားသည်......

Rebirth for (BL) (completed) Where stories live. Discover now