Part (16)

4.9K 547 7
                                    


(Uni)

ဒီနေ့က Fresher welcome နေ့

စီနီယာတွေကလည်းတော်တော်အလုပ်များသလိုဂျူနီယာတွေလည်းအကူအညီပေးနေရသဖြင့်မအားလပ်ကြ....
ကျောင်းသားတွေနောက်ကထောက်ခံပေးထားတဲ့မိဘတွေကြောင့်ကြီးကျယ်ခမ်းနားလှတဲ့ကျောင်းပွဲတွေထဲကတစ်ပွဲအပါအဝင်....

ကြိုက်သလောက်ကဲ.....ကြိုက်သလောက်သောက်....နောက်ဆုံးမူးနေလို့အိမ်မပြန်နိုင်ရင်နားဖို့အခန်းတွေတောင်ရှိသည်....
ဒါဟာ Ray University ရဲ့အစဉ်အလာတစ်ခုလိုပင်ဖြစ်နေ​​ေချပြီ....

လောလောဆယ်တော့လေးယောက်စလုံးဓာတ်ပုံအတူတွဲရိုက်ချင်တဲ့ကောင်မလေးတွေနဲ့မို့ပြေးပေါက်ပိတ်နေသည်....
တိမ်ယံနဲ့အာဏာကစူးစူးရှရှကြည့်နေသော်ငြားတစ်ဖွဲ့လုံး King selection ထဲမပါတာသိနေကြတာမို့အခွင့်အရေးလေးကိုလက်လွတ်မခံနိုင်ဖြစ်နေကြရသည်.....

နောက်ဆုံးကျေနပ်လောက်အောင်ဓာတ်ပုံတွဲရိုက်ပေးလိုက်တော့မှပြန်သွားကြတော့သည်....

"သွားကြမယ်...မုန့်သွားစားရအောင်....."

ပွဲကအားထုတ်ပြီးပြင်ဆင်ထားတာမို့ partyပွဲနှင့်ပိုတူသည်...
ဘူဖေးစနစ်နဲ့ခင်းကျင်းထားတဲ့အစားအသောက်တွေအပြင်ဝိုင်၊ရှန်ပိန်၊နဲ့အရက်တွေပါပြင်ဆင်ထားသည်။

လေးယောက်သားဝိုင်တစ်ခွက်စီနှင့်ပွဲကိုအကဲခတ်နေကြသည်...
Koichiကတော့တိမ်ယံကိုရှောင်ချင်လို်ဆက်တို့နှင့်စကားပြောလိုက်ပွဲထဲကကောင်မလေးတွေကိုငမ်းလိုက်လုပ်နေ​ြခင်းပင်.....
တိမ်ယံကတော့koichiရဲ့အတွေးတွေကိုသိနေတာကြောင့်​ပြုံးလိုက်မိတော့သည်....

#ကိုယ့်ကိုရှောင်ချင်တယ်ပေါ့လေ....အိပ်မက်တောင်မမက်နဲ့....#

မနက်တုန်းကအဖေနဲ့အမေကိုဖုန်းဆက်ပြီးkoichiအကြောင်းပြောထားပြီးမို့အခုလောက်ဆိုJapanသွားတဲ့လေယာဉ်ပေါ်ရောက်နေလောက်ချေပြီ.....

ကျွန်တော့်ကောင်လေးကရှက်နေလို့သွားတောင်းပေးပါလို့ပြောထားတာကြောင့်ထိုအကောင်ပေါက်သိတဲ့အချိန်မှာတော့စေ့စပ်ပွဲလုပ်နေတဲ့အချိန်ဖြစ်နေလောက်ပြီ.....

Rebirth for (BL) (completed) Where stories live. Discover now