Part 8

5.6K 576 3
                                    

(Uni)
"ပြီးပြီ..သွားကြမယ်။"

ကျောင်းပထမရက်ကြောင့်မနက်စာပင်မစားတော့ဘဲလေးယောက်သားကားတစ်စီးတည်းထွက်လာခဲ့ကြသည်။
တိမ်ယံကသူငယ်ချင်းတွေနဲ့အတူနေမှာဆိုပြီး
ဆက်တို့ကွန်ဒိုတွင်သောင်တင်နေလေသည်။
စီးပွားရေးတစ်ချို့ကိုလည်းဉီးစီးနေတာကြောင့်တိမ်ယံမိဘတွေကစိတ်ချထားပုံပင်။

Uniတက်​ပြီးကျောင်းသားဘဝကိုခံစားချင်တာကြောင့်Ray University ကိုတက်ဖို့ရွေးချယ်ထားသည်။

Ray University. .....

ကျောင်းပထမရက်ဖြစ်တာကြောင့်ကိုယ်ပိုင်ကားများဖြင့်ရှုတ်ရှက်ခတ်နေသည်။
Ray uni၏ကျောင်းသား40%မှာပုံမှန်အဆင့်အတန်းမှဖြစ်ပြီး50%ကသာချမ်းသာကြသည်။အမှန်တကယ်Top10ဝင်ချမ်းသာသူများမှာအနည်းငယ်သာ.....
Rich kidများတက်သောကျောင်းဖြစ်တာကြောင့်အနှိုင်ကျင့်မှုတွေရှိတတ်သည်။
ဆရာ/မတေွကလည်းကလေးတွေရဲ့နောက်ခံအင်အားကြောင့်လျစ်လျူရှုရုံသာတတ်နိုင်ကြသည်။သို့ပေမယ့်အလွန်အကျွံမဖြစ်အောင်တော့တားကြသည်။
နောက်ဆုံးပေါ် Limited ကားတစ်စီးထိုးဆိုက်လာတာကြောင့်လူအများ၏အာရုံကိုဖမ်းစားသွားပြီးဆူညံသွားကြသည်။

"ဟာ....ငါဖြင့်အဲ့လို ကား လိုချင်တာကိုဖေဖေကမဝယ်ပေးဘူး..."

ဘေးနားကမိန်းကလေးကလည်း

"နင်ကဘာသိလို့လည်း....ဒီကားက တစ်ကမ္ဘာလုံး မှာမှအစီး၂၀ပဲဲရှိတာဟ..စီးနိုင်တဲ့လူတွေကလည်းတစ်ကယ့်ဒိတ်ဒိတ်ကြဲတွေချည်း...."

"OMG!!!ဒါဆိုအခုစီးလာတဲ့လူကဘယ်လောက်တောင်ချမ်းသာတာလဲ...."

ထိုမိန်းကလေးနှစ်ယောက်၏စကားဝိုင်းကိုအာရုံစိုက်နေသောသူများကလည်းအံသြသွားကြသည်။
ထိုအချိန်ကားထဲကထွက်လာသောဆက်တို့မှာအားလုံးအတွက်သရေကျစရာအသားတုံးကြီးလိုပင်။

"အား ......ချောလိုက်ကြတာ..."

"ဟုတ်ပါ့ဟယ်...နတ်သားလေးတွေအတိုင်းဘဲ..."

ကောင်မလေးတွေရဲ့အသံစူးစူးကြောင့်တစ်ဖွဲ့လုံးနားပင်အူသွားသည်။

"Canteen သွားကြရအောင်...တစ်မနက်လုံးဘာမှမစားရသေးဘူး..."

koichiရဲ့စကားကြောင့်အားလုံးရဲ့ဉီးတည်ရာကမနက်စာစားဖို့ဖြစ်သွားသည်။

Rebirth for (BL) (completed) Where stories live. Discover now