(Uni)"ကိုကို.....ကိုကိုရေ...."
အာဏာကသာနောက်ကတကြော်ကြော်ခေါ်နေပေမယ့်ဆက်ကတော့အရှက်လွန်နေတာ
မို့မရပ်မိ......
သူတို့ဖြစ်နေတဲ့ပုံစံကိုလမ်းတစ်လျှောက်ကသူတွေကတအံတသြ......ကာယကံရှင်နှစ်ယောက်ကတော့ပတ်ဝန်းကျင်ကိုဂရုစိုက်နိုင်ဘဲပြေးတမ်းလိုက်တမ်းဆော့နေသည့်ပမာမည်သူမှရပ်ရန်စိတ်ကူးမရှိကြချေ......
ကားပါကင်အထိရောက်လာတော့အာဏာကမှီလာပြီးလက်ကိုတင်းတင်းကြပ်ကြပ်ဆွဲခေါ်သွားသည်......
"လွတ်....အာဏာလွတ်ဆိုနေ...."
ဆက်မည်မျှပင်ရုန်းကန်နေစေကာမူအာဏာကမလွတ်ပေး....
"ငြိမ်ငြိမ်နေကိုကို...မဟုတ်ရင်ဒီမှာဖက်နမ်းပစ်လိုက်မယ်,. .."
မျက်လုံးလေးပြူးပြီးငြိမ်ကျသွားတဲ့ကိုကိုကကြောက်လန့်နေတဲ့ယုန်ပေါက်ကလေးအလား.......
ရင်ထဲကကလိကလိနဲ့မို့အမှန်တကယ်ဖက်နမ်းချင်လာသည်......ချောင်းတစ်ချက်ဟမ့်ကာထိန်းလိုက်ရင်းကားအထိဆွဲခေါ်လာတော့နာနာခံခံလေးလိုက်ပါလာသည်.....
#shit. ...တစ်ကိုယ်လုံးဝါးစားပစ်ချင်လာပြီ.....#
အတွင်းထဲကသားရဲရိုင်းကြီးကမည်မျှပင်အော်ဟစ်နေစေကာမူမျက်နှာကတော့ပုံမှန်အတိုင်းဖြစ်နေသည်.......
ဆက်မှာကားပေါ်တက်ကတည်းကအာဏာကိုမျက်နှာချင်းမဆိုင်ရဲတာမို့အိပ်ပျော်ချင်ယောင်ဆောင်လာသည်.....ကားကိုမောင်းနေရင်းနှင့်တစ်ဖက်ကkoichiကို massage တစ်စောင်ပို့လိုက်သည်......
Koichiကြက်ပေါင်စားနေရင်း Message ဝင်လာတာမို့ကြည့်လိုက်တော့အာဏာဆီက.......
*ဒီညကွန်ဒိုကိုပြန်မလာနဲ့.....*
#ချီး...အဲ့ကောင်ဆက်ကိုစားတော့မှာလား......ငါတားသင့်တယ်.....မဟုတ်သေးဘူးသူငယ်ချင်းကောင်းပီပီပါရမီဖြည့်ပေးရမှာပေါ့.....#
တဆုံးတွေးချလိုက်တဲ့koichiမှာသူ့အတွေးနဲ့သူပြုံးပြုံးကြီးဖြစ်နေလေသည်.....
ဖုန်းကိုကြည့်ပြီးကြက်ပေါင်ကြီးကိုက်လျက်ပြုံးစိစိဖြစ်နေတဲ့koichiကြောင့်ဘေးနားထိုင်နေတဲ့တိမ်ယံကဖုန်းကိုချောင်းကြည့်လိုက်သည်.....
YOU ARE READING
Rebirth for (BL) (completed)