Part 4

6.6K 676 7
                                    

(Uni)

နေရောင်ခြည်နွေးနွေးကအိပ်မောကျနေသောအာဏာ၏မျက်နှာကိုထိခတ်လာသည်။
မျက်မှောင်ကြုတ်ကာထလိုက်ပြီးဘေးဘီကိုကြည့်လိုက်တော့နတ်သားတစ်ပါးနှယ်ဖြူစင်စွာအိပ်မောကျနေသောကိုကို...
ကိုကိုလက်မှာသွယ်တန်းထားတဲ့ဆေးပိုက်တွေကိုမြင်တော့မျက်ခုံးတို့ကပို၍ပင်တွန့်
ချိုးသွားရသည်..
ကုတင်ပေါ်မှဆင်းကာဆေးပိုက်များသွယ်တန်းထားခြင်းမရှိသောလက်တစ်
ဖက်ကိုဆုပ်ကိုင်ရင်းခပ်တိုးတိုးစကားဆိုမိသည်။

"ကိုကိုသိလား ကျွန်တော်အိပ်မက်မက်တယ်..အိပ်မက်ထဲမှာကိုကိုကသတ်သေသွားတာ..ကျွန်တော်မြင်နေရမယ့်တားလို့မရဘူးကိုကိုကကျွန်တော့်ကိုလှည့်တောင်မကြည့်ဘူး..အိပ်မက်ဆိုပေမယ့်ဟောဒီနေရာကတဆစ်ဆစ်နဲ့နာတယ်..."

ဘယ်ဘက်ရင်အုံကိုလက်တစ်ဖက်နဲ့ပုတ်ပြရင်းပြောနေပေမယ့်ကိုကိုနှိုးမလာပါ

" တစ်ကယ်ဖြစ်ခဲ့သလိုမျိုးစွဲစွဲမြဲမြဲမှတ်မိနေတယ်.ကိုကို...."

နှိုးမလာသောထိုလူသားလေးရဲ့နဖူးကိုခပ်ဖွဖွနမ်းရင်း မြတ်နိုး မှုတို့ပြည့်နေသောမျက်ဝန်းတို့နှင့်ခိုင်မာဆုံးသောစကားတို့အားဆိုမိသည်

"မောင်.သေချာကာကွယ်ပေးမှာမို့ဒီဘဝတော့ကိုကိုအေးချမ်းပါစေ.."

တစ်ချက်တစ်ချက်လူးလွန်လာသောကိုယ်လုံး​​ေလးေကြာင့်နှိုးလာတော့မယ်မှန်းသိလိုက်သည်။

"အင်း.....အာဏာအဆင်ပြေရဲ့လား"

နှိုးလာခြင်းကိုယ့်ကိုအရင်မေးနေသော
ကြောင့်အာဏာမျက်ဝန်းမှမျက်ရည်များ
အတားအဆီးမရှိလျှံကျလာတော့သည်။

"အီး...ဟင့်...ဟင့်...ကိုကို...."

ရင်ခွင်ထဲတိုးဝင်လာကာကိုကိုချည်းထပ်နေအောင်ခေါ်ပြီးအော်ငိုနေသောကြောင့်
ခေါင်းလေးကို သာခပ်ဖွဖွပွတ်သပ်
ပေးလိုက်သည်။မျက်ရည်များစွာကျဆင်း
နေသောကောင်လေးမှာ
တော်တော်လေးဝမ်းနည်းနေပုံပင်။
ခဏကြာတော့ရှိုက်သံလေးတွေတိတ်သွားပြီး
မျက်ရည်စီးကြောင်းတွေနှင့်ဆက်ကိုမော့
ကြည့်လာသည်။

Rebirth for (BL) (completed) Where stories live. Discover now