Part (17)

4.9K 511 4
                                    


(Unicode)

မနက်ခင်းတွင်Mနိုင်ငံတစ်ခုလုံးအုံကြွစေသောသတင်းတစ်ခုထွက်ပေါ်လာသည်.....စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏သမီးဖြစ်သောဟန်နီသက်၏ယောက်ျားနှစ်ယောက်နှင့်မြင်မကောင်းအောင်ဖြစ်ပျက်နေသော
ဓာတ်ပုံများပင်.....

ဟန်နီသက်ကအာဏာနှင့်အိပ်နေသောပုံများထွက်ပေါ်လာအောင်သတင်းထောက်များခေါ်ထားခဲ့သဖြင့်ကိုယ့်သေတွင်းကိုယ်တူးလိုက်
​ြခင်းဖြစ်သည်.....
ဒေါ်သက်ကြွေမှာလဲထိုသတင်းကြောင့်နိုင်ငံခြားမှပြန်ရောက်လာပြီးရှယ်ယာများထိုးကျသွားသည်ကိုဖြေရှင်းရသည်...
သတင်းတွေလိုက်ပိတ်ရသည်.....

ဒေါ်သက်ကြွေ၏ယောက်ျားဉီးမင်းထင်မှာလက်ကြောမတင်းသောလူစားမျိုးဖြစ်၍အကူအညီမရ...တစ်ယောက်တည်းလုံးချာလည်ဖြစ်နေသည်....

ထိုကိစ္စ များ၏တရားခံနှစ်ယောက်မှာအိပ်မောကျနေတုန်းပင်ရှိသည်...

"ကျွတ်..နာလိုက်တာ..."

မျက်စိဖွင့်ဖွင့်ချင်းခါးတွေသေလောက်အောင်နာကျင်နေတာမို့ညည်းညူမိလိုက်သည်...
ညကသားရဲတစ်ကောင်လိုကြမ်းတမ်းခဲ့သောကောင်လေးခမျာသူ့ဘေးတွင်ဖြူစင်သောပုံစံလေးနှင့်အိပ်ပျော်နေတုန်းပင်...

#ဟွန့်...ဘာဖြူစင်ရမှာလဲ....ငယ်တုန်းကပြောခဲ့သမျှအကုန်ရုတ်သိမ်းတယ်....
တကယ့်ကိုသိုးရေခြုံထားတဲ့ဝံပုလွေပေါက်ဘဲ....#

တစ်ကိုယ်တည်းမကျေမနပ်ညည်းညူပြီးထရပ်လိုက်ချိန်တွင်အနောက်ဘက်မှသိုင်းဖက်လာသည့်လက်တစ်စုံကြောင့်ကုတင်ပေါ်ဖင်ထိုင်ရက်ပြန်ကျသွားသည်....

"အား....အာဏာရှင်..."

ကိုကိုရဲ့အော်ချလာတဲ့အသံကြီးကြောင့်အိပ်ချင်စိတ်တွေပင်ပျောက်သွားသည်...

"ကိုကို...ဘယ်နားနာသွားတာလဲ....ကျွန်တော်ညကဆေးဘူးမရှိလို့မလိမ်းပေးလိုက်ရဘူး....."

"ချီး...ဘယ်နားနာရမှာလဲမသိဘူးလား...."

မျက်နှာရဲရဲနဲ့ဇွတ်အော်နေသည့်ကိုကိုကြောင့်တစ်ဖက်လှည့်ကာပြုံးလိုက်မိသည်....

Rebirth for (BL) (completed) Where stories live. Discover now