Part 3

7K 701 13
                                    

(Uni)

ဒီနေ့အာဏာကသူ့ကိုရှောင်နေသလိုပင်။
သေသေချာချာစဉ်းစားလည်းသူအမှားမလုပ်ထားတာတော့သေချာပါတယ်။ထိုသို့စဉ်းစားနေချိန်....

"ဆက်...ရေငါလာတယ်"

"ေဩာ်... တိမ်ယံလာလေ"

တိမ်ယံကအရင်ဘဝကတည်းကဆက်အပေါ်ကောင်းတဲ့တစ်ဉီးတည်းသောသူ။
Rayကျောင်းတော်မှာပြန်တွေ့တော့အပျော်လွန်ပြီးသွားလို့ဖက်မိသည်အထိ...
အဟမ်း....သေချာပေါက်နောက်ကနေရှာလကာရည်သောက်ထားတဲ့အာဏာကိုတော့မမြင်ဘူးပေါ့.....
အဲ့အချိန်ကဆိုတိမ်ယံမှာသူ့ကိုသတ်ဖြတ်မလိုကြည့်နေတဲ့အာဏာကြောင့်လိပ်ပြာလေးကလူကလူ...ဖြစ်သွားရသည်
ပိတ်ရက်မို့သာလာလည်ရတာစိတ်ထဲကကြောက်ကြောက်လန့်လန့်....

"ဆက်... အာဏာကကော"

"ရေချိုးနေတယ်ထင်တယ်...လာလာဒီနေ့ငါသင်တန်းကနေသင်လာတဲ့မုန့်လုပ်ကျွေးမယ်..."

ဆက်သင်တန်းတက်နေတာတစ်ပတ်ပင်ရှိနေပြီ။Englishကအရင်ဘဝကသင်ထားတာမို့Japan သင်တန်းကိုသာတက်ဖြစ်သည်။အချက်အပြုတ်သင်တန်းကိုတော့အခြားသူများသံသယမဝင်အောင်သာတက်နေခြင်းဖြစ်သည်။

"ကိုကိုမုန့်လုပ်နေတာလား"

ခေါင်းပါလျှော်ထားသောကြောင့်ထင့်ခေါင်းစိုစိုနှင့်အပေါ်ထပ်မှဆင်းလာသောအာဏာကဆက်တို့နားရောက်လာပြီးပန်ကိတ်ကိုကြည့်ကာမေး၏။

" အာဏာရာ ဆံပင်ကိုခြောက်အောင်မသုတ်ပြန်ဘူး"

"ဟီး..ကိုကိုသုတ်ပေး"

အနှီ ဘင်္ဂလား ညီအစ်ကိုနှစ်ယောက်အပေါ်တက်သွားချိန်ထိအာဏာမျက်နှာပေါ်မှာဒါငါ့အပိုင်ဟူသောဂုဏ်ဆာမှုကြီးကိုတွေ့လိုက်ရသေးသည်။

တစ်ကိုယ်တည်းသမားလေးတိမ်ယံ။ ။
". ........."
#ငါလေးက7နှစ်အရွယ်ကလေးလေးပါနော်
       ငါ့ရှေ့ဆင်ခြင် ကြပါလို့#

***************
******************

ဆက်ဘဝလေးပုံမှန်အတိုင်းလည်ပတ်နေသည်မှာတစ်နှစ်ပင်ရှိပြီ။
ဒီအတောအတွင်းအဒေါ်နဲ့ဉီးလေးဘက်ကလည်းဆက်ကိုခေါ်ရန်အမျိုးမျိုးကြိုးစားကြသည်။
သူတို့ရဲ့လောဘဇွဲကတော့ဆက်ပင် ဩချရသည်အထိ။
အာဏာရဲ့ဆက်အပေါ်ချုပ်ချယ်မှုကလည်းသိသိသာသာပင်
ဘယ်သူနဲ့မှသူငယ်ချင်းမလုပ်ရ၊မပြုံးပြရမခင်ရဟူ၍
တိမ်ယံကိုတောင်သိပ်ကြည်ပုံမရ
ဆက်အတွေးထဲမှာတော့အစ်ကိုရဲ့အချစ်ကိုမျှဝေမပေးချင်သည့်ဂျစ်ကန်ကန်ကောင်လေးဟုသာ

Rebirth for (BL) (completed) Where stories live. Discover now