Part (19)

4.9K 520 10
                                    

(Unicode)

ကော်ဖီဆိုင်တစ်ဆိုင်တွင်ဟန်နီသက်နှင့်Roseတို့မျက်နှာချင်းဆိုင်တွေ့ဆုံနေကြသည်။Roseကအရင်စကားစ၏

"နင်ကဘာလိုချင်တာလဲ..."

"ပိုင်စိုးဆက်အရှက်ရပြီးသေတာ...."

မကောင်းဆိုးရွားတစ်ကောင်လိုပြုံးပြီးပြောလိုက်ပုံကရွံရှာဖွယ်ကောင်းလှသည်။

"အပေးအယူဖြစ်ပြီ..."

ထို့နောက်အစီအစဉ်ဆဲွဲပြီးနှစ်ယောက်သားလမ်းခွဲခဲ့ကြသည်။

***************

ဒီနေ့ကဆက်ခံသူတွေတရားဝင်ပွဲထုတ်တဲ့နေ့....

လုပ်ငန်းရှင်တိုင်းသူတို့သားသမီးတွေကိုခေါ်လာပြီးရင်းနှီးကြစေရန်ဖြစ်သည်။
ချွင်းချက်အနေနှင့်မီဒီယာများကိုလည်းဝင်ခွင့်ပြုထားတာမို့အားလုံးကအပြုအမူများကိုဂရုစိုက်နေရသည်။ဒီလိုပွဲမျိုးမှာသာတစ်ခုခုဖြစ်လိုက်ပါကနောက်နေ့သတင်းစာခေါင်းစီးပိုင်းမှာအဓိကလူဖြစ်သွားလိမ့်မည်။

"ဆက်..ဒီနေရာကတော်တော်လေးကိုအဆင်ပြေတယ်..."

"သေချာတာပေါ့...ခဏနေကျရင်အကုန်လုံး surpriseဖြစ်သွားတော့မှာ....."

ကျေနပ်ပြုံးတို့ကိုချိတ်ဆွဲထားပြီးတိမ်ယံနှင့်စကားကောင်းနေသည်။ဆယ်နှစ်ကျော်လွှတ်ထားပေးပြီးပြီမို့အကြွေးပြန်ယူသင့်တဲ့အချိန်ရောက်နေပြီ။

"ကိုကို...ဒီမုန်လေးစားကြည့်."

အပြောနှင့်အတူပါးစပ်နားရောက်လာသော cup cakeတစ်ခု။အရသာကောင်းလွန်းတာမို့မျက်လုံးလေးမှေးစင်းပြီးထပ်စားနေလိုက်သည်။

စီးပွားရေးလုပ်ငန်းရှင်တွေနှင့်စကားပြောနေသောဉီးရှိန်သာမှာထိုမြင်ကွင်းကိုကြည့်ပြီးသွေးအန်ချင်သွားသည်။အရင်တစ်နေ့ကမိဘတွေကိုသူ့ကိုကိုနှင့်လက်ထပ်ပေးပါဆိုပြီးဗြုန်းစားကြီးပြောချလာတာမို့ဉီးရှိန်သာမှာသောက်နေတဲ့ကော်ဖီပင်ထသီးသည်။
အသက်ကိုကြည့်လိုက်တော့တည်ငြိမ်နေတာမို့ရိပ်မိနေပုံပင်။

နောက်ဆုံးကိုယ်တစ်ယောက်ထဲကန့်ကွက်သူဖြစ်နေတော့အသက်ကမျက်စောင်းထိုးလာချေပြီမို့သဘောတူလိုက်ရသည်။ထိုအခါမှသားတော်မောင်ကပြုံးလာနိုင်တော့သည်။အခုလည်းအဖေရှေ့မချန်Roပြနေတာမို့ထိုအတွဲအားသဘောမတူဘဲထားလိုက်ရင်ကောင်းမလားဟုပင်စဉ်းစားမိနေပြီ။

Rebirth for (BL) (completed) Where stories live. Discover now