Part (18)

4.7K 502 7
                                    


(Uni)

ကိုယ်မနေ့ကဒီတစ်ပုဒ်ပြီးရင်ရေးမဲ့Ficလေးစဉ်းစားနေလို့upမလုပ်ဖြစ်တာပါ....

***********
အဖျားရှိနေတဲ့ကိုကိုကြောင့်အာဏာပါကျောင်းခွင့်နှစ်ရက်ယူလိုက်ရသည်....
နှစ်ရက်လုံးကိုကိုကတော်တော်လေးကိုဂျစ်တိုက်သည်....
ဆေးမသောက်သည့်အပြင်မတည့်နဲ့အစားအစာတွေကိုသာဝယ်ခိုင်းနေတာမို့ချော့မော့ပြောရင်းအလုပ်တွေတောင်မလုပ်နိုင်တော့........

ဒါပေမယ့်ဒီအခြေအနေလေးကိုပင်ပျော်ရွှင်နေရသည်လေ.....
အမြဲတမ်းလိုလိုအာဏာကိုကာကွယ်ပေးနေတဲ့ကိုကို့ကဒီအချိန်မှာတော့အလိုလိုက်ခံလူတန်းစားလေး....
တစ်ခုခုဆိုရှေ့ထွက်ရပ်တဲ့ကိုကိုကအာဏာကိုပူဆာလိုက်...ဆေးမသောက်ချင်လို့ချွဲလိုက်နှင့်တော်တော်အူယားစရာကောင်းလှသည်......

ကျောင်းပြန်တက်တဲ့အခါမှာတော်အခန်းထဲရှိလေထုကထူးဆန်းမှုတွေနှင့်ပြည့်နှက်နေသည်......
အမှန်တကယ်တော့ဆက်တို့အဖွဲ့နဲ့ထင်လင်းသာတို့သုံးယောက်ကြားကလေထုပင်.....

"King. ...ငါနင့်ကိုသတိရနေတာ...."

Roseရဲ့စကားကြောင့်အာဏာရဲ့မျက်ခုံးတို့တွန့်ချိုးသွားသည်.....

#စိတ်ပျက်စရာကောင်းလိုက်တာ....ငါဒီမိသားစုကိုမြန်မြန်ရှင်းသင့်နေပြီ...#

ကိုကို့ကိုကြည့်လိုက်တော့လည်းအလိုမကျဟန်နှင့်စူပုပ်နေသည်...

"ကိုကို..ဗိုက်ဆာနေပြီလား..."

"အင်း..."

Roseအပြောကိုဂရုမစိုက်ဘဲထွက်သွားတဲ့လေးယောက်ကြောင့်ဒေါသထွက်စွာကျန်နေခဲ့သည်....
ဒါပေမဲ့အံကိုတင်းတင်းကြိတ်လိုက်မိပြီး....

"လာလိုက်သွားရအောင်..."

Dianlနဲ့ထင်လင်းသာမှာခေါင်းတရမ်းရမ်းနဲ့ရှိနေသည်.....
ယောက်ျားလေးချင်းမို့အာဏာကRoseကိုရွံရှာနေတာကိုသူတို့ခံစားမိနေသည်....

"King. ..ငါတို့ထိုင်မယ်နော်.."

ပြန်ဖြေတာကိုပင်မစောင့်ဘဲထိုင်ချလိုက်တာကြောင့်အာဏာရဲ့မျက်နှာမှာပို၍ပင်မည်းမှောင်သွားသည်....

Rebirth for (BL) (completed) Where stories live. Discover now