Special part

5.9K 676 6
                                    

(Uni)

ပိုင်စိုးဆက်သတ်သေပြီးချိန်

သူ့နာမည်ကအာဏာ
လူတွေကပြောကြတယ်သူကအရမ်းရုပ်တည်လွန်းလို့ကြောက်စရာကြီးတဲ့။
ဒါပေမယ့်သူ့ကိုပြုံးအောင်လုပ်နိုင်တဲ့သူရှိတာကိုမသိကြဘူး။
ကိုကို.. ကိုတွေ့ခဲ့တဲ့အချိန်ကသူအသက်၇နှစ်
ငွေမျှင်ရောင်ဆံနွယ်တွေနဲ့ကိုကိုကအရမ်းလှတယ်
ကိုကိုပြုံးလိုက်တိုင်းပေါ်လာတဲ့သွားစွယ်ချွန်ချွန်လေးတွေကိုသဘောကျတယ်
ကိုကိုကတစ်ခြားသူတွေကိုပြုံးပြလွန်းလို့ကို့ကို့အပြုံးတွေကိုတစ်ခြားသူမမြင်အောင်ဖွက်ထားချင်တယ်
ကိုကို..ကိုကျွန်တော့်အပိုင်ဖြစ်စေချင်တယ်..
တစ်နေ့တော့ကျွန်တော့ကိုပြုံးပြတတ်တဲ့ကိုကိုကပြောလာတယ်
ငါမင်းကိုအရမ်းမုန်းတာဘဲတဲ့
ဘာလို့လည်းအော်ဟစ်ပြီးတော့မေးပြစ်
လိုက်ချင်တယ်
ဘာလို့ကိုကိုကမုန်းရမှာလဲကျွန်တော့်ကိုအရမ်းအလိုလိုက်တာကို
ဟုတ်တယ်ငါမှားပြီးကြားမိတာ
ဒါပေမယ့်ကိုကိုကမပြုံးပြတော့ဘူး
အရင်လိုအတူတူမဆော့တော့ဘူး
ငါ့ကိုတွေ့ရင်မျက်နှာလွဲသွားတယ်
မယုံချင်ပေမယ့်လက်ခံရတော့မယ်
ကိုကိုကတကယ်မုန်းသွားတာ
တစ်နေ့တော့မေမေပြောလာတယ်ကိုကိုကအထင်လွဲနေတာတဲ့
ဟုတ်တယ်ငါအင်အားကြီးလာပြီးသက်သေတွေနဲ့ရှင်းပြနိုင်ရင်ကိုကိုယုံလာမှာ
အဲ့နေ့ကစပြီးတစ်ခြားသူတွေမမှီနိုင်အောင်ကြိုးစားခဲ့တယ်
တော်လိုက်တာလို့ချီးကျူးကြပေမယ့်ကိုကိုကလှည့်တောင်မကြည့်ဘူး
တစ်နေ့ဖေဖေဆုံးတော့မေမေ့ရဲ့အဖေကလာခေါ်တယ်
ဖေဖေကနှစ်လုံးရောဂါနဲ့မို့မဆက်ခံခဲ့ရတဲ့ဂျပန်ကဂိုဏ်းကိုဆက်ခံရမယ်တဲ့
ကိုကိုစောင့်နေပါကျနော်ပြန်လာရင်အကုန်ရှင်းပြပါ့မယ်
လေ့ကျင့်ရေးတွေလုပ်နေတဲ့ကြားမှာအစ်ကိုထောင်ကျသွားမှန်းသိရပေမယ့်အဖိုးရဲ့ထိန်းချုပ်မှုကြောင့်ကူညီလို့မရခဲ့
၅နှစ်ကြာပြီးတဲ့နောက်မှာလေ့ကျင့်ရေးတွေပြီးဆုံးသွားသလိုအဖိုးရဲ့Golden dragon
ဂိုဏ်းကိုတရားဝင်ဆက်ခံခွင့်ရခဲ့တယ်
ကိုကိုနဲ့တွေ့ပြီးရှင်းပြမယ်လို့ကြံထားတဲ့စိတ်တွေကMနိုင်ငံပြန်အရောက်မှာပြိုလဲရပြန်တယ်
ကိုကိုသေသွားပြီတဲ့အရမ်းရယ်ရလွန်းလို့အော်တောင်ရယ်မိတယ်
ကိုကိုကဘာလို့သေရမှာလဲကျွန်တော့်ကိုအမြဲပြုံးပြနေတဲ့ကိုကိုကလေ
ကိုကိုသူတိုတွေကလိမ်တတ်တာဘဲ
အရမ်းနားညီးလွန်းလို့သေနတ်နဲ့ပစ်သတ်လိုက်တယ်
သူတို့​​သေသွားရင်ကိုကိုသေပြီလို့​ပြောမယ့်သူမရှိတော့ဘူး
ကျွန်တော်တော်တယ်မလား
အာ..ဟုတ်သားကိုကိုကတော်တယ်လို့မချီးကျူးဘူးလေ
တစ်နေ့သူတို့ကကိုကို့သေတမ်းစာဆိုပြီးယူလာပြန်တယ်
ကျွန်တော်ကိုကိုမသေဘူးပြောတာကိုမယုံကြဘူး
စာကိုဖတ်ကြည့်တော့ကိုကိုလက်ရေးဘဲ

Rebirth for (BL) (completed) Where stories live. Discover now