Part (10)

5.3K 564 7
                                    


(Uni)

နေ့အလင်းရောင်ပျောက်ကွယ်သွားသည်နှင့်အတူYမြို့တော်၏ညအချိန်ကားမီးရောင်စုံတို့နှင့်အသက်ဝင်လာသည်။

Yမြို့တော်၏ထိပ်တန်း Kingland club

လူချမ်းသာတို့သာဝင်ရောက်နိုင်သော clubဖြစ်ပြီးဝင်ကြေးသပ်သပ်ကပင်US$(1,00,00)ကျော်ရှိသည်။အဆက်အသွယ်ကောင်းရရန်နေရာဖြစ်သဖြင့်ချမ်းသာမှုနည်းသောသူတို့သရေကျကာအလွန်အမင်းဝင်ရောက်ချင်ကြသောနေရာ..။

ယမကာ၊မိန်းမ၊စိတ်ကြွဆေးအစုံရသော်လည်းတစ်ခုတည်းသောကန့်သတ်ချက်ကားဖိုး၊ဘိန်းရောင်းဝယ်ခွင့်မရခြင်းပင်...

အထက်ပိုင်းရှိလူများကာကွယ်ပေးထားသဖြင့်ရဲများလည်းဝင်ရောက်ရှာဖွေနိုင်ခြင်းမရှိ...
ဒုတိယမျိုးဆက်နှင့်တတိယမျိုးဆက်များပျော်မွေ့ရာနေရာပင်ဖြစ်သည်။

ပထမတစ်ကြိမ်လာခြင်းဖြစ်တာမို့သီးသန့်ခန်းမမှာတော့ဘဲထောင့်ကျကျဝိုင်းတစ်ခုမှာသာလေးယောက်သားထိုင်ဖြစ်ကြသည်..။
စားပွဲဝိုင်းရှေ့တွင်ကားအမြည်းတစ်ချို့နှင့်သိပ်မပြင်းသောအရက်တစ်ချို့သာရှိသည်။

"ဆက်...သွားကရအောင်"

တိမ်ယံကိုခေါင်းငြိမ့်ပြလိုက်ပြီးလေးယောက်သားကပွဲ​ကြမ်းပြင်ပေါ်ရောက်သွားကြသည်။.....

ခဏအကြာမှာ တော့အာဏာရဲ့မျက်နှာကတစ်စတစ်စအေးစက်လာသည်။

#ကိုကို့..ကိုကြည့်ရဲတယ်...#

စူးစူးရဲရဲအကြည့်ကြောင့်ပတ်ဝန်းကျင်ကအေးစက်သွားပြီး က နေသူတော်တော်များများနောက်
ကိုရှဲသွားပြီးဘေးနားတွင်ဝိုင်းထားသူများ​​ပျောက်
သွားသည်။ဆက်တို့လေးယောက်သာကြမ်းပြင်အလယ်တွင်ထီးထီးကြီးကျန်ခဲ့တော့သည်။

"အမ်...ဘာဖြစ်...."

"ကိုကို...."

အာဏာရဲ့အေးအေးစက်စက်ခေါ်သံကြောင့်တံတွေးကိုပင်ဂလုကနဲမြည်အောင်ပင်မြိုချလိုက်မိသည်။

"အဟမ်း...ငါသန့်စင်ခန်းသွားဉီးမယ်...တိမ်ယံမင်းရောလိုက်ခဲ့လေ..."

"အင်းး....အင်း"

အခြေအနေမဟန်မှန်းသိတဲ့သကောင့်သားနှစ်ယောက်က.ဆက်..ရဲ့ကယ်ပါယူပါအကြည့်များကိုလျစ်လျူရှုလိုက်ကာခပ်သွက်သွက်ထွက်သွားကြသည်။

Rebirth for (BL) (completed) Where stories live. Discover now