Part (12)

5.1K 565 6
                                    


(Uni)

"ခွမ်း! .......ဒုန်း!. ......."

"အား.........အာဏာရှင်........တောက်!. ..."

သုံးထပ်တိုက်ကြီးတွင်သောင်းကျန်းနေသူကားဟန်နီသက်......

မနေ့ကအဖြစ်အပျက်ကြောင့်သူငယ်ချင်းများကြားခေါင်းပင်မဖော်ရဲခဲ့....
အလှောင်ခံနေရသည်မို့စိတ်ထဲတနုံ့နုံ့....

#ရှင်ကဘာဖြစ်လို့ကျွန်မလိုမိန်းကလေးမျိုးကိုမကြိုက်ရမှာလည်း
တောက်!. .....ရှင်ကျွန်မခြေထောက်အောက်ရောက်ကိုရောက်ရမယ်....#

အိမ်ကြီးရှင်ကသောင်းကြမ်းနေသည်မို့အလုပ်သမားများကလည်းအသံပင်မထွက်ရဲကြ....
မတော်လို့များစိတ်အလိုမကျရင်အလုပ်ဖြုတ်ခံရမည်ကသူတို့.....

ဒေါ်သက်ကြွေနဲ့ခင်ပွန်းဖြစ်သူကနိုင်ငံခြားအပန်းဖြေခရီးသွားနေသည်မို့လက်ရှိတွင်ဟန်နီသက်ကစိတ်ကြိုက်လုပ်ခွင့်ရနေသည်.....

သောင်းကြမ်းလို့ဝသွားမှသူမနှင့်အဆက်အသွယ်ရှိတဲ့လူမိုက်ဂိုဏ်းတစ်ခုကိုဖုန်းခေါ်လိုက်သည်......

"Hello!. ..."

"ရှင်တို့အတွက်အလုပ်တစ်ခုရှိတယ်....."

"အိုး....အချစ်လေး...စျေးတော့မနည်းစေနဲ့နော်....."

"ရှင်တို့သာအောင်မြင်ရင်.....1 billion. ရမယ်......"

"Ok. ..ပြောအချစ်လေး...."

..........

ညနေချမ်းအချိန်ပေမယ့်လူသွားလူလာတို့နဲ့ရှုပ်ရှက်ခပ်နေလျက်ရှိသေးသည်...
ယနေ့ကားYan Ma Ha ကုမ္ပဏီ အသစ်ဖွင့်ပွဲနေ့မို့ကြယ်ငါးပွင့် Hotelရှေ့တွင်သတင်းထောက်တွေနဲ့တရုန်းရုန်း.....

Yan Ma Ha ကုမ္ပဏီ မှာTop 6 ကုမ္ပဏီ တစ်ခုဖြစ်သဖြင့်စီးပွားရေးလောကရဲ့ဒိတ်ဒိတ်ကြဲတွေသာတက်ရောက်ကြသည်မို့သတင်းတစ်ခုသာရလိုက်ပါကခေါင်းစည်းပိုင်းမှာပါသွားမည်ပင်....

"ဉီးလက်ခတ်ရှင့်.....ပရောဂျက်အသစ်ကို
​လေလံဆွဲဖို့ပြင်ဆင်နေတယ်လို့ကြားရပါတယ်.....ရမယ်လို့ယုံကြည်ပါသလား....."

"မနှင်းပွင့်.......အမရဲ့လက်ထပ်ပွဲနဲ့ပက်သက်ပြီးဘယ်လိုစီစဉ်ကြမယ်လို့စဉ်းစားထားပါလဲ....."

Rebirth for (BL) (completed) Where stories live. Discover now