*** Part - (30) ***

2.1K 192 0
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

လူတစ်ယောက်ကို
ချစ်မိခဲ့လျှင်
မုန်းတတ်ဖို့ပါ
သင်ယူခဲ့သင့်၏ ။

" ကောင်းခန့်မိုးတိမ် "

~~~~~~~~~~~~~~~~~~~~~~~~~~

" စုံစမ်းလို့ရမဲ့နည်းလမ်း မရှိတော့ဘူးလား "

လုယက်ခဲ့သည့်လမ်းမပေါ်၌ CCTV မရှိပေမဲ့ မီးရှို့ခဲ့သည့် တံတားပေါ်တွင် CCTV ရှိသည် ။ ဒါပေမဲ့ မျက်နှာဖုံး ၊ ခေါင်းစွပ်အပြင် တစ်ကိုယ်လုံးမဲနက်နေသည့် ထိုလူနှစ်ယောက်ကို မြင်နေရပေမဲ့ ဘယ်လိုရှာရမည်မသိ ။ Container ကားပေါ်၌ လက်ဗွေရာရှာချင်သော်လည်း ကားတစ်စီးလုံး မီးလောင်သောကြောင့် ရှာလို့မရချေ ။ မီးမလောင်ခဲ့လျှင်တောင် လက်နှစ်ဖက်လုံးလက်အိတ်အနက်ရောင်စွပ်ထားသည်ဖြစ်လို့ သက်သေရှာစရာ မရှိ ။

CCTV ကိုပြန်ကြည့်လေ ဒေါသထွက်ရလေပါပဲ ။ နှစ်ယောက်လုံးဟာ ဒီကိစ္စမှာ ဝါရင့်တွေဖြစ်ပုံပေါ်ပြီး သွေးအေးလွန်းပါသည် ။ ဓာတ်ဆီများ လောင်းပြီး မီးရှို့နေပုံက တည်ငြိမ်လွန်းသည် ။ တစ်ချက်မှလှည့်မကြည့်ဘဲ မီးခြစ်ပစ်ချပြီးသည်နှင့် ကားအသေးပေါ်တက်ကာ မောင်းထွက်သွား၏ ။ ကားနံပါတ်ကို တိုက်စစ်ကြည့်ပေမဲ့လည်း Information ဘာမှရှာမရချေ ။ ထို့ကြောင့် တောက်ခေါက်ရုံသာတတ်နိုင်သည် ။

ဆုံးရှုံးသွားသောပမာဏ များပါသည် ။ ဒါပေမဲ့ ပြိုလဲကျသွားနိုင်သည့်အခြေအနေတော့ မဟုတ်ခဲ့ ။ ကျွန်တော့်မှာ လုပ်ငန်းခွဲတွေအပြင် ဘိန်းခင်းတစ်ခင်းလုံးရှိသေးသည် ။ အသီးအပွင့်မှအမှုန့်ဖြစ်လာသည်အထိ စိတ်ရှည်လက်ရှည်နှင့် ပြန်စောင့်ရုံသာ ။

ကျွန်တော့်ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့သော ထိုလူနှစ်ယောက်ကိုလည်း တွေ့သည့်နေရာတွင် သတ်ပစ်ချင်သည် ။

မေးလည်းမေးကြည့်ချင်ပါသည် ။ ပစ္စည်းကိုလိုချင်လို့မဟုတ်ဘဲ ဖျက်ဆီးချင်ရုံသက်သက်စိတ်တွေရှိနေရအောင်အထိ ကျွန်တော်နဲ့ ဘာရန်ငြိုးတွေရှိခဲ့သလဲဟူ၍ ။

ပြီးလျှင်
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်ခိုင်းရမည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now