*** Part - (12) ***

2.1K 206 8
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြိုးစားရသေးဘဲ
ရှုံးမယ်ထင်နေရင်
တစ်သက်လုံး
မင်းဟာ
လူပျော့လူညံ့တစ်ယောက် ဖြစ်နေမှာပဲ

" စစ်ဉာဏ်လင်း "

~~~~~~~~~~~~~~~~~~~~~~~~~~~~

ခန်းဆီးစအမဲရောင်တွေဟာ လေထဲတွင်မျောလွင့်လို့နေသည် ။ ဘေးပတ်ဝန်းကျင်ကိုမမြင်ရဘဲ ခန်းဆီးစများကိုသာ အရပ်လေးမျက်နှာတွင် မြင်နေရသည် ။

" သား ရှိုင်းလေး "

အမေ့အသံကိုပီပြင်စွာ ကြားလိုက်ရသည် ။

" အမေ ၊ အမေ ဘယ်မှာလဲ "

ကျယ်လောင်စွာ အော်ပြီးမေးပေမဲ့လည်း တုံ့ပြန်ပြီးပြန်ဖြေသံကိုမကြားရ ။

" အမေ သားနဲ့ မခွဲနိုင်ဘူး ၊ အမေ့ကိုမထားခဲ့ပါနဲ့ သားရယ် ၊ အဟင့် အဟင့် "

အသံကိုသာကြားနေရပြီး ရုပ်ကိုမမြင်ရတော့ ကျွန်တော် စိုးရိမ်စပြုလာသည် ။ ခန်းဆီးတွေကိုဖယ်ခွာပြီး အရူးတစ်ယောက်လို အပူတပြင်းနဲ့နေရာအနှံ့လိုက်ရှာနေမိသည် ။ ဒါပေမဲ့ များပြားလှသည့် ခန်းဆီးတွေကြားမှာ အမေနဲ့တူတဲ့အရိပ်အယောင်တောင် မတွေ့မိ ။

" မငိုပါနဲ့ အမေ ၊ သား အမေ့ကိုဘယ်တော့မှ မထားခဲ့ဘူးလေ ၊ နော် အမေ "

အဆုံးအစမရှိသည့်ခန်းဆီးတွေကို တစ်ခုပြီးတစ်ခုဖယ်ခွာပြီးရှာနေမိသည် ။ ထိုစဉ် ခန်းဆီးတစ်ခုရဲ့နောက်ကွယ်ရှိ အရိပ်တစ်ခု ။ အမေပဲဖြစ်ရမည်ဆိုသည့်အသိဖြင့် ပြေးကာသွားမိတော့ ခန်းဆီးနောက်ကပုံရိပ်ဟာ ကျွန်တော်မရောက်ခင် အကွယ်မှထွက်လာသည် ။

" မ မမထက် "

ဝတ်ခဲလှတဲ့ အနီရောင်မြန်မာဝတ်စုံဖြင့်လှချင်တိုင်းလှနေသော မမထက် ။ ရှည်လျားလှသည့်ဆံပင်တွေကို ဒီတိုင်းဖြန့်ချထားပုံဟာ မဟာဆန်နေသလောက် မျက်နှာထားက ရက်စက်မည့်အသွင်ကိုဆောင်သည် ။

" ကိုကို့ကို တစ်သက်လုံး နင်မပိုင်စေရဘူး ရှိုင်းထက်အောင် ၊ နင်က တစ်သက်လုံးအတွက် အရှုံးသမားပဲ ၊ တစ်သက်တစ်ကျွန်းဆိုတဲ့နေရာမှာပဲ နင့် ရဲ့ငယ်ရွယ်မှုတွေကို ကုန်ဆုံးခံပြီး အရိုးဆွေးမြေ့တဲ့အထိ အဲ့ဒီ့နေရာမှာပဲ နင်သေရမှာ ၊ ဟင်းဟင်း "

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now