*** Part - (57) ***

1.6K 164 38
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့
ဒါဆို အမုန်းနဲ့ထပ်တူကျခြင်းမှာကော
တရားမျှတမှုတွေ ရှိနိုင်ပါ့မလား ...

" ခန့်ကမ္ဘာဦး "

~~~~~~~~~~~~~~~~~~~~~~~~~~~

" ဒေါက် ဒေါက် ဒေါက် "

တံခါးခေါက်သံက အလောတကြီးအသွင်ကိုဆောင်နေသည် ။ တစ်ချက်ပြီးမှတစ်ချက်ခေါက်ခြင်းမျိုးမဟုတ်ဘဲ ဆက်တိုက်ခေါက်နေသည့်အသံမျိုးဖြင့် ။

ပါးလွှာလွန်းတဲ့ ညဝတ်အိပ်အနီရောင်ဂါဝန်ရှည်ကိုဝတ်ထားတဲ့ အမျိုးသမီးကတော့ မှန်ရှေ့မှာရပ်နေသည် ။ အချိန်အားဖြင့် မနက် (5) နာရီကျော်ခန့်တော့ ရှိလောက်ပြီဖြစ်၏ ။

" ထက် ထက် "

" ဂလောက် "

တိုးကျိတ်ကျိတ်ခေါ်သံအဆုံးမှာ သော့နဲ့တံခါးလှည့်ဖွင့်သံကိုပါကြားလိုက်ရသည် ။

" ထက် "

" ဟီး ဟီး ဟီး "

လှည့်ကြည့်ပြီး သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ဟီးခနဲရယ်ပြလာသောထက်ကြောင့် လှမျိုးနိုင်ပင် ခြေတစ်လှမ်းနောက်ဆုတ်မိသည် ။

အနီရောင်ဂါဝန်ရှည်နဲ့ထက်က မှန်ရှေ့ရှိခုံပေါ်မှာထိုင်နေခြင်းဖြစ်ပြီး တစ်မျက်နှာလုံးကိုလည်း နှုတ်ခမ်းနီတွေဖြင့် ခြယ်သလို့ထားသည်မှာ ပေပွညစ်ပတ်နေ၏ ။

ပြီးတော့ ထက်ရဲ့ခုံအနီးတစ်ဝိုက်တွင် ကြမ်းပြင်ပေါ်ကျနေသောဆံပင်များကိုပါ တွေ့လိုက်ရသည် ။

" ထက် ၊ မင်း "

ခေါင်းကို အမြန်ဆွဲယူကြည့်တော့ ဆံပင်တွေက တစစီကျိုးပဲ့ပျက်စီးနေသည် ။ ကတ်ကြေးနဲ့တွေ့ရာ ဆွဲညှပ်ထားပုံပေါ်၏ ။

" ဖယ် ငါ့ကိုလွှတ် "

ထက်က သူ့ခေါင်းကိုကိုင်နေတဲ့ကျွန်တော့်လက်ကို ဖယ်ချကာ ဘေးရှိကတ်ကြေးကို ထပ်ယူမည်ဟန်ပြင်နေသည် ။

" ထက် တော်ပြီ မလုပ်နဲ့တော့ ၊ သတိထားဦးလေကွာ ထက်ရာ ၊ သတိထားပါဦးကွာ "

ကတ်ကြေးကိုဆွဲလုပြီး ခန္ဓာကိုယ်ကိုလှုပ်ယမ်းပြီးပြောမိတော့ ထက်က ကျွန်တော့်ကို တွေတွေကြီးစိုက်ကြည့်လာသည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now