*** Part - (21) ***

2K 213 28
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~

မျှော်လင့်ချက်မပါတဲ့
တန်ဖိုးထားမှုတွေကို
နားလည်လာမဲ့နေ့ထိ
စောင့်နေပါ့မယ်

" ခန့်ကမ္ဘာဦး "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကိုရှိုင်း နောက်ဘဝမှာ ဘာဖြစ်ချင်လဲ "

အားလပ်ရက်တစ်ခု၏ ညနေခင်းတွင် သျှားမှကျွန်တော့်အား မေးလာခြင်းဖြစ်သည် ။ စဉ်းစားဖူးပေမဲ့လည်း အဖြေတိတိကျကျမရရှိခဲ့ဖူးသော မေးခွန်းဖြစ်လို့ ကျွန်တော်သေချာစဉ်းစားမိသည် ။

" ငါ့ဘဝ ငါ့ခန္ဓာကို ငါကိုယ်တိုင်ပဲ စီမံခွင့်ရချင်တယ် သျှား ၊ နောက်ဘဝဆိုတာရှိခဲ့ရင်ပေါ့ "

ကျွန်တော်တို့နှစ်ယောက်ကြားရှိ လေထုက ခေတ္တမျှ ငြိမ်သက်လို့သွားသည် ။ ပြီးတော့ သျှားဟာ ကျွန်တော့်အဖြေကိုကျေနပ်ဟန်ဖြင့် အားရပါးရပြုံးလိုက်ပြီး

" ကိုရှိုင်း အခုဖတ်နေတာ English လိုတွေရေးထားတာမလား ၊ ကျွန်တော့်ကို ဘာသာပြန်ပြပါလား ၊ ကိုရှိုင်း အရင်တစ်ခေါက်ကဖတ်ပြတဲ့ " စိတ်နှင့်လိုအင်ဆန္ဒများ " ဆိုတဲ့စာအုပ်လေ ၊ အဲ့ဒါကိုအရမ်းသဘောကျလို့ "

လက်ထဲ၌ကိုင်ထားသောစာအုပ်ကို စားပွဲပေါ်သို့ အသာအယာချလိုက်သည် ။ ကျွန်တော်ကပဲ ဖတ်ပြနေရင် ဒီကောင်လေး စာဖတ်ပျင်းသွားမှာစိုးရိမ်ရသည် ။ ထို့ကြောင့်

" အရင်တစ်ခေါက်က တိုက်ဆိုင်လို့ ဖတ်ပြလိုက်တာ ၊ အဲ့လိုစိတ်အကြောင်းရေးထားတာကို မြန်မာဘာသာပြန်တွေလည်းရှိတယ် ၊ ငါ ယူပေးမယ် ၊ ခဏစောင့် "

သျှား၏ခေါင်းကို မနာအောင်တစ်ချက်ထုခဲ့ပြီး စာအုပ်စင်တွေဘက်သို့ ခြေလှမ်းမိသည် ။

" ဟို ကိုရှိုင်း ၊ ကျွန်တော် မြန်မာလို ကောင်းကောင်း မဖတ်တတ်ဘူး ၊ အဖေဆုံးတော့ အမေက တန်းပြီးကျောင်းနှုတ်လိုက်တာ ၊ အဲ့ဒါကြောင့် "

ကျွန်တော့်ရင်ဘတ်ထဲတွင် စူးကနဲအောင့်လို့သွားသည်အထိ စိတ်မကောင်းဖြစ်သွားရသည် ။ သျှားကတော့ ရယ်ကျဲကျဲနဲ့ စားပွဲခုံကိုသူ့လက်ဖြင့် တဒေါက်ဒေါက်ခေါက်နေသေးသည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now