*** Part - (33) ***

1.9K 194 7
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ချုပ်နှောင်လို့ မထားရက်ဘူး
ကြိုးဆိုတာ
ချည်နှောင်ခြင်းသဘောတရားဖြစ်လို့
မင်းကို ဘာကြိုးနဲ့မှ မချည်ရက်ခဲ့ဘူး

" စစ်ဉာဏ်လင်း "

~~~~~~~~~~~~~~~~~~~~~~~~~~~~

" တောက် "

" ဝုန်း ၊ ခွမ်း "

စိတ်ရှုပ်စွာနဲ့ ဖုန်းကိုအုတ်နံရံဆီသို့ အားဖြင့်ပစ်ပေါက်ကာရိုက်ခွဲပစ်လိုက်သည် ။ ဘာလဲ ၊ ဘယ်သူလဲ ။ ဘာသဘောနဲ့ ဒီပုံတွေလာပို့တာလဲ ။

" ကိုကို ဘာဖြစ်တာလဲ "

စာကြည့်ခန်းထဲသို့ အပြေးတစ်ပိုင်းဝင်လာသော ထက် ။ အခန်းထဲရောက်တော့ ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသောဖုန်းကိုတစ်လှည့် ၊ ကျွန်တော့်ကိုတစ်လှည့် ကြည့်ပြီး စားပွဲနားသို့လျှောက်လာ၏ ။

" ဘာဖြစ်လို့လဲ ကိုကို ၊ အလုပ် အဆင်မပြေဘူးလား "

ဆုံလည်ကုလားထိုင်ပေါ်ရှိကျွန်တော့်ပေါင်ပေါ်လာထိုင်ပြီး ခေါင်းကိုပွတ်သပ်ပေးလာသော ထက် ။

" အလုပ်ကိစ္စမဟုတ်ဘူး ထက် ၊ ဖုန်းထဲကို ဘာပုံတွေမှန်းမသိဘူး လာပို့လို့ ၊ ပြီးတော့ ခြိမ်းခြောက်တဲ့စာလိုလိုက ပါသေးတယ် ၊ မှားပို့တာလား မသိပါဘူးကွာ "

အမှန်တရားကို မပြောရဲပါ ။ ဖုန်းရိုက်ခွဲမိသည့်အဓိကအကြောင်းအား မတွေးချင် ။ IG မှ Save ထားသော သီဟမင်းခေတ်ပုံကိုသာခဏခဏကြည့်မိနေသောကြောင့် စိတ်တိုလာကာ ရိုက်ခွဲလိုက်ခြင်းဖြစ်သည် ။

" ဘာ ဘာပုံတွေလဲ ကိုကို ၊ စာကကော ဘာတဲ့လဲ "

စိတ်တွေ တုန်လှုပ်ခြောက်ခြားလာသည် ။ ပုံဆိုတော့ ကျွန်မဆီပို့လာသောပုံတွေများ ကိုကို့ဆီရောက်လာလေသလား ။ အတွေးနဲ့တင် ချွေးစေးတွေ ပြန်လာပြီး မူးမေ့လဲကျတော့မတတ် ခံစားရသည် ။

ပုံတွေထဲမှာ ဘယ်လောက်ထိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့သလဲဆိုတာ ကျွန်မအသိဆုံးမဟုတ်ပါလား ။

" Sex လုပ်နေတဲ့ပုံတွေပါကွာ ၊ ပုံတွေအကုန်လုံးကို Blur လုပ်ထားတော့ ဘယ်သူမှန်းတော့ မသိရဘူး ၊ ရေးထားတဲ့စာက မင်းနဲ့အနီးဆုံးသူ တဲ့ ၊ ဘာအဓိပ္ပါယ်မှန်းလည်း မသိပါဘူး ထက်ရာ ၊ ကိုကိုကတော့ မှားပို့တယ်ထင်တာပဲ "

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now